ပြည်ပနိုင်ငံရောက်မြန်မာအလုပ်သမားများ သက် ဆိုင်ရာနိုင်ငံ၏ဥပဒေနှင့်အညီရပိုင်ခွင့်များ ရရှိခံ စားနိုင်စေရန် နိုင်ငံ ၃ နိုင်ငံ၌ အလုပ်သမားအရာရှိများခန့်အပ်ထားဟု နစက ဥက္ကဋ္ဌပြော

0
341

ပြည်ပနိုင်ငံရောက်မြန်မာအလုပ်သမားများ သက် ဆိုင်ရာနိုင်ငံ၏ဥပဒေနှင့်အညီရပိုင်ခွင့်များ ရရှိခံ စားနိုင်စေရန် နိုင်ငံ ၃ နိုင်ငံ၌ အလုပ်သမားအရာရှိများခန့်အပ်ထားဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌမှ မေ ၁ ရက်(ယနေ့)တွင်ကျရောက်သည့် အလုပ်သမားနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား အလုပ်သမားအရေအတွက်များသည့် ကိုရီးယားနိုင်ငံ၊ထိုင်းနိုင်ငံနှင့်မလေးရှားနိုင် ငံတို့တွင် အလုပ်သမားအရာရှိများခန့်အပ်၍ မြန် မာရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

ထို့ပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများပြည် ပနိုင်ငံများ၌ လုံခြုံစိတ်ချစွာရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရန်၊ကာကွယ်စောင့်ရှောက်မှုများ ထိရောက်စွာပေးနိုင်ရန် ထိုင်းနိုင်ငံ၊ကိုရီးယားနိုင် ငံ၊ဂျပန်နိုင်ငံတို့နှင့်နည်းပညာအလုပ်သင် သင်တန်း သားဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ၊ကျွမ်းကျင်လုပ်သားဆိုင်ရာပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများအား လက်မှတ်ရေးထိုးဆောင် ရွက်လျက်ရှိသည်ဟု သဝဏ်လွှာတွင်ရေးသားထားသည်။

အစိုးရမှ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဆိုသည့် စကားနှင့်အညီ ပြည်တွင်းအား ဖြင့် ပြည်တွင်းစီးပွားရေးတိုးတက်မြှင့်တင်နိုင်ရန် ရည်မှန်းချက်ထား၍ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကသဝဏ် လွှာ၌ရေးသားပြောဆိုခဲ့သည်။

“ဒါ့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အ ရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်တဲ့ အလုပ်သ မားကြီးတွေရဲ့ အင်အား၊ကျွမ်းကျင်မှုနဲ့ပူးပေါင်းပါဝင်မှုဟာ များစွာအရေးကြီးပါတယ်”ဟု နစက ဥက္ကဋ္ဌမှပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here