လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရာတွင် လူမျိုးဘာသာ၊နိုင်ငံရေးနောက်ခံမခွဲခြားဘဲ အခက်အခဲကြုံတွေ့နေရသည့် ဒေသများနှင့်ပြည်သူများထံ လိုအပ်ချက်နှင့်အညီပံ့ပိုးပေးရန်လိုအပ်

0
198

လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရာတွင် လူမျိုးဘာသာ၊နိုင်ငံရေးနောက်ခံမခွဲခြားဘဲ အခက်အခဲကြုံတွေ့နေရသည့် ဒေသများနှင့်ပြည်သူများထံ လိုအပ်ချက်နှင့်အညီပံ့ပိုးပေးရန်လိုအပ်

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံကြက်ခြေ နီအသင်း၏ ၈ ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်မိတ်ဖက်အဖွဲ့အစည်းများမှ နိုင်ငံအတွင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနမှကူညီပံ့ပိုးပေးလျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။

“လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးရာမှာ လူမျိုးဘာသာ၊နိုင်ငံရေးနောက်ခံမခွဲ ခြားဘဲ အခက်အခဲကြုံတွေ့နေရတဲ့ ဒေသတွေနဲ့ပြည်သူတွေဆီကို လိုအပ်ချက်နဲ့အညီ ပံ့ပိုးပေးဖို့လိုအပါပါတယ် နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့စည်းလုံးညီညွတ်မှုမထိခိုက်စေရေးကို မဖြစ်မနေလေးစားလိုက်နာရပါမယ်”ဟု ပြည်ထောင်စုဝန် ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အာဆီယံ AHA Center နှင့်နိုင်ငံတကာမှ မြန်မာ နိုင်ငံသို့ပေးအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများအား လိုအပ်သည့်ပြည်သူများထံ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်း ညွှန်မှုဖြင့် အောင်မြင်စွာပေးပို့ထောက်ပံ့နိုင်ခဲ့သည်ဟုပြောသည်။

အလားတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လက်ရှိပူးပေါင်း ဆောင်ရွက်နေသည်ြ လူသားချင်းစာနာထောက် ထားမှုအကူအညီပေးရေးလုပ်ငန်းများ၏ အခြေ အနေများ၊ရလာဒ်များ၊အားသာချက်အားနည်း ချက်များအား ညှိနှိုင်းဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်များ၌ ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်ပါက ရလာဒ်ကောင်းများရရှိလာမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

အစည်းအဝေးအား မြန်မာနိုင်ငံကြက်ခြေနီအ သင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်၊အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ဂျာမန် ကြက်ခြေနီအသင်းနှင့်အ ခြား မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here