နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း ၄၅ ကျောင်းမှ လူငယ် ၆၀၀ကျော်အား တက္ကသိုလ်နှင့်ကောလိပ်ဆက်တက်နိုင်ရေး ရွေးချယ်

0
243

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း ၄၅ ကျောင်းမှ လူငယ် ၆၀၀ကျော်အား တက္ကသိုလ်နှင့်ကောလိပ်ဆက်တက်နိုင်ရေး ရွေးချယ်

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်အစည်းအဝေးခန်းမနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအား တာဝန်ရှိသူများက ဧပြီ ၂၈ ရက်မှ ဧပြီ ၃၀ ရက်အထိအတည်ပြုရွေးချယ်ခြင်းများဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တို့သို့ တက်ရောက်ကြမည့် သင်တန်း သား သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသတိုင်းရင်သား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သတ်မှတ် အမှတ်ပြည့်မီသူများနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝင်ခွင့်အရည်အချင်း သတ်မှတ် ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား တိုင်းရင်းသူများကို လူတွေ့ စစ်ဆေး အတည်ပြုရွေးချယ် ခဲ့သည်။

ယခု ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက စိစစ်ရွေးချယ်ပေး သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ B.Ed ပညာရေးဘွဲ့ သင်တန်းအတွက် ၃၂၂ ဦး၊ ဝိဇ္ဇာ၊ သိပ္ပံ၊ A.G.T.I ဒီပလိုမာသင်တန်း အတွက် ၃၇၇ ဦးတို့ကို စိစစ် အတည်ပြုပြီးပါက B.Ed ပညာ ရေးဘွဲ့ ၅ နှစ်၊ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဒီပလိုမာဘွဲ့များ အပ်နှင်းပေးကာ B.Ed ဘွဲ့ ရရှိသူများကို အထက်တန်းပြ ဆရာ ဆရာမများအဖြစ်လည်း ကောင်း၊ ဝိဇ္ဇာ၊ သိပ္ပံ၊ A.G.T.I ဒီပလိုမာရရှိသူများကို ဝန်ကြီးဌာနများတွင် အကြီးတန်းစာရေးနှင့် အဆင့်တူ ရာထူးနေရာ များတွင်လည်းကောင်း နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here