ထိုင်းနိုင်ငံတွင် ဆောက်လုပ်ဆဲကွန်ဒိုတိုက်ခန်းစတီးဘောင်ပြိုကျ၍ မြန်မာအလုပ်သမား ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့

0
152

ထိုင်းနိုင်ငံတွင် ဆောက်လုပ်ဆဲကွန်ဒိုတိုက်ခန်းစတီးဘောင်ပြိုကျ၍ မြန်မာအလုပ်သမား ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ကျောက်ဖရာမြစ် ကမ်းဘေး၌ ဆောက်လုပ်ဆဲကွန်ဒိုတိုက်ခန်း၏စတီးဘောင် မေ ၁ ရက်(ယနေ့)နံနက်ပိုင်းက ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာအ လုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

ဆောက်လုပ်ဆဲကွန်ဒိုတိုက်ခန်း၏ ၂၇ ထပ်တွင် အလုပ်သမားများမှ ၂၆ ထပ်နှင့် ၂၇ ထပ်ကြားအား ဘိလပ်မြေလောင်းနေစဥ် ပြိုကျခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အလုပ်သမား ၅၀ လောက်ရှိလိမ့်မယ် ဘိလပ်မြေလောင်းနေကြတာက လောင်းနေရင်း မြန်မာအ လုပ်သမားတွေလောင်းနေတဲ့နေရာက စတီးဘောင်ပြိုကျသွားတာ သေဆုံးသွားတဲ့လူနဲ့ဒဏ် ရာရတဲ့လူတွေအတွက် ထိုက်သင့်တဲ့လျော်ကြေးငွေရအောင် ကူညီပေးသွားမှာပါ”ဟု မြန်မာအလုပ် သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

စတီးဘောင်ပြိုကျမှုဖြစ်စဥ်တွင် မြန်မာနိုင်ငံသားအလုပ်သမားတစ်ဦး အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး မြန်မာအလုပ်သမား ၅ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ဆေး ကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကာ အ ခြားအလုပ်သမားများမှာ စတီးဘောင်ပြိုကျသည့်နေရာအနီး၌ မရှိသဖြင့်ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ထိုင်းနိုင်ငံတာဝန်ရှိသူများက အခင်း ဖြစ်နေရာအား အန္တရာယ်ရှိဧရိယာဖြစ် ကနဦးသတ်မှတ်ပြီး မတော်တဆဖြစ်ပွားမှု ဟုတ်၊မ ဟုတ်နှင့်ပေါ့ဆမှုကြောင့်သူတစ်ပါးထိခိုက်ဒဏ် ရာရသေဆုံးမှု ဟုတ်၊မဟုတ်တို့အား စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here