မုံရွာမြို့နယ်တွင် နေအိမ်ရှေ့လမ်းလျှောက်ထွက်လာသူအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
134

မုံရွာမြို့နယ်တွင် နေအိမ်ရှေ့လမ်းလျှောက်ထွက်လာသူအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ်၊ဃောကြီးကျေးရွာတွင် ဧပြီ၃၀ရက်မွန်းလွဲ၄နာရီခန့်က နေအိမ်ရှေ့လမ်းလျှောက်ထွက်လာသူ အမျိုးသားတစ်ဦးအား အမည်မသိအမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာမှာနေတဲ့ ဦးပေါငွေကို ဒလန်ဆိုပြီး သတ်သွားကြတာပါ။သူ့ရဲ့နေအိမ်ရှေ့မှာတင် ပစ်သတ်သွားတာပါ´´ဟုဃောကြီးကျေးရွာနေပြည်သူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဧပြီ၃၀ရက်မွန်းလွဲ၄နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ်၊ဃောကြီးကျေးရွာနေ ဦးပေါငွေဆိုသူသည် လမ်းလျှောက်ထွက်ရန်အတွက် နေအိမ်မှ အထွက်တွင် သေနတ်သမားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဦးပေါငွေအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးပေါငွေမှာ နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here