ချမ်းမြသာစည်မြို့နယ် KBZဘဏ်တွင် ငွေလာထုတ်သူထံမှ ငွေကျပ်သိန်း၁၀၀၀အားဓားပြတိုက်ခံရ

0
202

ချမ်းမြသာစည်မြို့နယ် KBZဘဏ်တွင် ငွေလာထုတ်သူထံမှ ငွေကျပ်သိန်း၁၀၀၀အားဓားပြတိုက်ခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၆၄လမ်းနှင့်၁၁၀(မနော်ဟရီ)လမ်းဒေါင့်ရှိ KBZဘဏ်တွင် ငွေလာထုတ်သူထံမှ ငွေကျပ်သိန်း၁၀၀၀အား မေလ၂ရက် မွန်းလွဲ၁နာရီ၄၀မိနစ်ခန့်က အမည်မသိလူလေးဦးမှ သေနတ်ပြချိန်းခြောက်၍ ဓားပြတိုက်ခြင်းကိုခံခဲ့ရ
ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ နေ့လည်ပိုင်းလောက်မှာမန္တလေးမြို့က မြို့နယ်တွေရဲ့လမ်းမတွေ အစစ်အဆေးတွေများတာသတိ ထားမိတယ်။ဘာဖြစ်တာလဲလို့တောင်စဉ်းစားနေသေးတယ်။ခဏနေတော့ကြားရတာက ချမ်းမြသာစည်မြို့နယ် ၆၄လမ်းပေါ်က ကမ္ဘောဇဘဏ်မှာ ဓားပြတိုက်သွားတာတဲ့ ဒါကြောင့် စစ်ဆေးတာလို့ ထင်တယ်´´ဟု မြို့ခံပြည်သူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊၆၄လမ်းနှင့်၁၁၀ (မနော်ဟရီ)လမ်းဒေါင့်ရှိ KBZဘဏ်တွင် မေလ၂ ရက် မွန်းလွဲ၁နာရီ၄၀မိနစ်က ငွေလာထုတ်သူထံမှ ငွေကျပ်သိန်း၁၀၀၀အား Mark2အဖြူရောင်မော်တော်ယာဉ်တစ်စီးဖြင့် လက်နက်ကိုင်ဆောင်ထားသည့် လူလေးဦးရောက်ရှိလာပြီး သေနတ်ပြချိန်းခြောက်၍ ယူဆောင်ကာ ထွက်ပြေးသွားကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – ၆၄လမ်းနဲ့မနော်ဟရီလမ်းဆုံတစ်နေရာ


LEAVE A REPLY

Please enter your comment!
Please enter your name here