မြန်မာအမျိုးသားဘောလုံးအကယ်ဒမီကျောင်းများတွင်တက်ရောက်ခွင့်ရမည့် ကျောင်းသားသစ်များအား မေ ၅ ရက်မှစတင်ရွေးချယ်သွားမည်

0
257

မြန်မာအမျိုးသားဘောလုံးအကယ်ဒမီကျောင်းများတွင်တက်ရောက်ခွင့်ရမည့် ကျောင်းသားသစ်များအား မေ ၅ ရက်မှစတင်ရွေးချယ်သွားမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အမျိုးသားဘော လုံးအကယ်ဒမီ(ရန်ကုန်)၊မြန်မာဘောလုံးအကယ် ဒမီ(မန္တလေး)နှင့်မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်)တို့အား တည်ထောင်ဖွင့်လှစ်ထားသည်။

အဆိုပါ ဘောလုံးအကယ်ဒမီများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်လိုသည့် ကျောင်းသားသစ်များအား မေ ၅ ရက်မှစတင်၍ မေ ၁၅ ရက်အထိ နေ့စဥ်နံနက် ၇ နာရီခွဲမှနေ့လည် ၃ နာရီခွဲအထိ ရွေးချယ်ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည်။

ထိုသို့ ရွေးချယ်ရာတွင် မေ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်)၌တက်ရောက်လိုသည့် ကျောင်းသားသစ်များအား ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်း၊အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)၌ တက်ရောက်လိုသည့် ကျောင်းသားသစ်များအား မေ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၊မြန်မာဘောလုံးအ ကယ်ဒမီ(မန္တလေး)၌ တက်ရောက်လိုသည့် ကျောင်းသားသစ်များအား မေ ၁၂ ရက်၊ ၁၃ ရက် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မန္တလေးမြို့ရှိ အ ကယ်ဒမီလေ့ကျင့်ရေးကွင်းတို့၌ အသီးသီးရွေး ချယ်သွားမည်ဖြစ်သည်။

ရွေးချယ်မည့်သက်တမ်းများအနေဖြင့် အသက် ၁၁ / ၁၂ နှစ်အောက်၊ ၁၃ နှစ်အောက်၊ ၁၄ နှစ်အောက်နှင့် ၁၅ နှစ်အောက် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ဘောလုံးအားကစား၌ထူးချွန် သော မျိုးဆက်သစ်လူငယ်များသည် မိဘ(သို့) အုပ်ထိန်းသူတစ်ဦးနှင့်အတူလာရောက်ရွေးချယ်ခံယူနိုင်ကြောင်း သိရသည်။

ထိုသို့ လာရောက်ရွေးချယ်ခံသူများသည် လက်ရှိအတန်းပညာသင်ကြားနေသူများဖြစ်ကာ အနိမ့်ဆုံးမြို့နယ်ကျောင်းသားပြိုင်ပွဲများ၌ ပါဝင်ကစားဖူးသူနှင့်မြို့နယ်ဘောလုံးအဖွဲ့ချုပ်များမှ ထူးချွန်သည့်လူငယ်များဖြစ်ရမည်ဟု သိရသည်။

လာရောက်ရွေးချယ်ခံသူများအနေဖြင့် နိုင်ငံသားစီစစ်ရေးကပ်ပြား(မူရင်းနှင့်မိတ္တူ)၊အိမ်ထောင်စုစာရင်း(မူရင်းနှင့်မိတ္တူ)၊မွေးစာရင်း(မူရင်းနှင့်မိ တ္တူ)၊ကျောင်းထောက်ခံစာမူရင်း၊ဘောလုံးကန်ဖိနပ်၊ဝတ်စုံနှင့်လိုင်စင်ဓာတ်ပုံ ၃ ပုံတို့အားယူဆောင်လာရမည်ဟု သိရသည်။

ဘောလုံးတော့ခြင်း၊ပေးပို့ခြင်း၊ထိန်းသိမ်းခြင်း၊လိမ်ခေါက်ပြေးဆွဲခြင်း၊ဆွဲပြေးခြင်း၊ကန်သွင်းခြင်း၊တစ်သင်းလျင် ၇ ဦး၊ ၈ ဦး၊ ၁၁ ဦးစီပါဝင်သည့် ကွင်းငယ်ပွဲစဥ်ကစားခြင်း၊ကာယကြံခိုင်မှုစီစစ်ခြင်း၊ဘောလုံးနှင့်စက်ဆိုင်သည့် ဗဟုသုတများစစ်ဆေးခြင်းတို့အား ပြုလုပ်စစ်ဆေးသွားမည်ဖြစ်သည်။

ရွေးချယ်ခံရသည့် ကျောင်းသားများသည် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၏စီစဥ်ပေးမှုဖြင့် ဘော လုံးပညာနှင့်အတန်းပညာတို့အား အကယ်ဒမီကျောင်း၌ ကျောင်းအိပ်ကျောင်းစားအဖြစ် သင် ယူရမည်ဖြစ်ကာ လစဥ်ထောက်ပံ့ကြေးအပါအ ဝင် အခြားသင်ကြားမှုနှင့်သက်ဆိုင်သည့် အ ထောက်အပံ့များရရှိမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here