မိုးကုတ်-မိုးမိတ်သွားကားလမ်းတွင် တောင်ပြိုမှုဖြစ်ပွားနေ

0
83

မိုးကုတ်-မိုးမိတ်သွားကားလမ်းတွင် တောင်ပြိုမှုဖြစ်ပွားနေ

မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုတို့ကြောင့် မိုးကုတ်-မိုးမိတ်သွားကားလမ်း၏ အချို့နေရာများတွင် တောင်ပြိုမှုများဖြစ်ပေါ်နေသည်ဟု ခရီးသည်တင်ကားမောင်းသူများထံမှ သိရသည်။

“မိုးသည်းတော့တောင်ကျရေကလည်းဆင်းတယ် အဲဒီအချိန်မှာတောင်တွေပြိုသွားတာပေါ့ လမ်းကကျဥ်းတာရယ် တောင်ပြိုတာရယ်နဲ့ဆိုတော့ မောင်းရတာအတော်သတိထားပြီးမောင်းရတယ် “ဟုခရီးသည်တင်ကားမောင်းသူတစ်ဦးကပြောသည်။

တောင်ပြိုကျမှုအများဆုံးနှင့်အန္တရာယ်ရှိသည့်နေ ရာများတွင် တောင်ပြိုနေသဖြင့် သတိထားသွား လာကြရန် အမှတ်အသားများအား ဖြတ်သန်းသွားနေကြသည့် ကားမောင်းသူများနှင့်ဒေသခံများကချထားခဲ့ကြသည်။

“ကားသမားအချင်းချင်းလည်း လမ်းမှာသတိပေးတယ် ဘယ်နေရာမှာတောင်ပြိုထားလို့သတိထားမောင်းဖို့ကို နောက်တောင်ပြိုတဲ့နေရာနားကလူတွေကလည်း တောင်ပြိုထားတဲ့နေရာတွေကိုသ တိထားမိအောင် အကာအရံသဘောမျိုးဝါးတန်းတွေနဲ့ကာထားပေးကြတယ်”ဟုခရီးသည်တင်ကားမောင်းသူတစ်ဦးကပြောသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here