ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်တို့နှင့် တွေ့ခွင့်ပေးဖို့ နစကကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် တိုက်တွန်း

0
357

ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်တို့နှင့် တွေ့ခွင့်ပေးဖို့ နစကကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် တိုက်တွန်း

ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံခွင့်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်က နစကဥက္ကဋ္ဌနှင့် Video Conferencing ဖြင့် မေလ ၂ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသည့် အကျဉ်းသား ၁၆၀၀ ကျော်ကို လွတ်ငြိမ်းပေးခဲ့မှုအပေါ် ဟွန်ဆန်က ကြိုဆိုခဲ့သည်။

ယင်းအပြင် ဝန်ကြီးချုပ် ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် မြန်မာ နိုင်ငံမှပါဝင်သင့်ပါဝင်ထိုက်သူအားလုံးနှင့် တွေ့ဆုံနိုင်ခွင့်ပေးရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သွေးထွက်သံယိုမှုများကို အဆုံးသတ် ရပ်တန့်ရေးကိုပါ တွေ့ဆုံစဉ် တိုက်တွန်းစကားဆိုခဲ့သည်ဟု သိရှိရသည်။

နစကဥက္ကဋ္ဌ တည်ဆဲဥပဒေချိုးဖောက်ထားသူများကို ဥပဒေအရအရေးယူ ဆောင်ရွက်လျက်ရှိသော်လည်း လူသားချင်းစာနာ ထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်များပေးလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက် အပစ်အခတ်ရပ်စဲရေးကြေညာထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ဖိတ်ခေါ်၍အပစ်အခတ်ရပ်စဲရေး
ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိမှု၊အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ထပ်မံလာရောက်နိုင်ရေးပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊အာဆီယံ၏ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊အာဆီယံဘုံသဘော တူညီချက် ၅ ရပ် အား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား မြန်မာနိုင်ငံ အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည် ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here