မလှိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦအချို့အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်များကျိုးကျပြိုလဲမှုများဖြစ်ပွားခဲ့

0
136

မလှိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦအချို့အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်များကျိုးကျပြိုလဲမှုများဖြစ်ပွားခဲ့

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်တွင်း နေရာအချို့တွင် မေလ၃ရက်နေ့နံနက်၂နာရီခန့်က  မိုးသည်းထန်စွာရွသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦအချို့ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်များ ကျိုးကျပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က မနက်အစောပိုင်း လူတွေအိပ်ကောင်းနေတဲ့အချိန် မလှိုင်မှာ လေရော မိုးရော တော်တော်ကြမ်းတဲ့တချို့နေရာတွေမှာဆိုရင် အိမ်တွေ အမိုးတွေလွင့်ထွက်ကုန်တယ်။သစ်ပင်တွေလဲတာတို့ သစ်ကိုင်းတွေကျိုးတာတို့လဲရှိတယ်´ဟုဒေသခံတစ်ဦးကပြောသည်။

မလှိုင်မြို့နယ်အတွင် လေပြင်းတိုက်ခတ်မှုကြောင့် အုပ်ကြီးကျေးရွာရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဦးကျော်လွင်၏ နံကပ်၊သွပ်မိုးလူနေအိမ်တို့အမိုးလန်ပျက်စီးအမိုးလန်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။

အလားတူ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ တို့တွင်လည်းမေလ၃ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုဒဏ်ကို ကြုံတွေ့ ခံစားခဲ့ရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here