ထိုင်းနိုင်ငံ၌ ဆိုင်ကယ်စီးနင်းပြီး ကားတစ်စီးအားတိုက်မိရာမှသေဆုံးခဲ့သည့် မြန်မာအလုပ်သ မား အသက်အာမခံကြေးဘတ် ၁ သန်းကျော်ရရှိ

0
139

ထိုင်းနိုင်ငံ၌ ဆိုင်ကယ်စီးနင်းပြီး ကားတစ်စီးအားတိုက်မိရာမှသေဆုံးခဲ့သည့် မြန်မာအလုပ်သ မား အသက်အာမခံကြေးဘတ် ၁ သန်းကျော်ရရှိ

ထိုင်းနိုင်ငံ၊စမုပရာကန်ခရိုင်ရှိ Perfect Companion Group Co., Ltd ၏ တိရိစ္ဆာန်အစား အစာထုတ်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန် မာနိုင်ငံသားမောင်နန္ဒအောင်သည် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၂၈ ရက်က ဆိုင်ကယ်စီးနင်းပြီး ကားတစ်စီးအားတိုက်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန် ရှိသူများမှ မေ ၃ ရက်တွင် မောင်နန္ဒအောင်၏ဖခင်ဖြစ်သူ ဦးဆန်းအောင်အား ထိုင်းအသက်အာ မခံမှရရှိသည့် လျော်ကြေးဘတ် ၁ သန်း၊အလုပ်ရှင်၏ဂရုဏာကြေးဘတ် ၅၀၀၀ နှင့်ထိုင်းလူမှုဖူ လုံရေးမှလျော်ကြေး ဘတ် ၅၀၀၀၀ တို့အား ငွေ သားထုတ်ယူ၍ပေးအပ်ခဲ့သည်။

အဆိုပါ လျော်ကြေးများနှင့်ဂရုဏာကြေးများရရှိရန် မြန်မာသံရုံးမှတာဝန်ရှိသူများက ထိုင်း-မြန်မာကုမ္ပဏီများ၊ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာအစိုးရရုံးများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ် သည်။

သေဆုံးသူ မောင်နန္ဒအောင်သည် မြန်မာအလုပ်သ မားအေဂျင်စီဖြစ်သည့် Top Choice Manpower Co., Ltd အစီအစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါ ရီ ၁၇ ရက်က ထိုင်းနိုင်ငံသို့စေလွှတ်ခဲ့သူဖြစ် သည်။

မြန်မာသံရုံးမှလည်း ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရသင့်ရထိုက်သည့် အကျိုးခံ စားခွင့်များရရှိစေရန် ဖြေရှင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here