အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး မဖြစ်နိုင်သေးဘူးဟုဆို

0
136

အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး မဖြစ်နိုင်သေးဘူးဟုဆို

အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး မဖြစ်နိုင်သေးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၂ ရက်က အွန်လိုင်းကတစ်ဆင့် Video conference ဖြင့် တွေ့ဆုံဆွေးနွေးကြစဉ် အာဆီယံအထူးကိုယ်စားလှယ်အနေနှင့် အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်တို့ကို တွေ့ဆုံခွင့်ရရှိရေး မေးမြန်းတောင်းဆိုခဲ့မှုအပေါ် တွေ့ခွင့်ရနိုင် မရနိုင် ဆက်သွယ်ရာတွင် တရားဥပဒေအရ ရင်ဆိုင်နေဆဲအခြေအနေ ဖြစ်သည့်အတွက် မဖြစစ်နိုင်သေးကြောင်း ယင်းက ပြောကြားခြင်းဖြစ်သည်။

“ပြောထားပြီးတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ တရားဥပဒေအရ ရင်ဆိုင်နေဆဲအချိန်မှာ တွေ့ဆုံနိုင်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကိုလည်း အရင်ကပဲ မီဒီယာတွေကို ပြောခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ကမ္ဘောဒီးယားအခြေစိုက် သတင်းများတွင်မူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေသူများနှင့် အာဆီယံအထူးကိုယ်စားလှယ် တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်းရေးသားနေကြသည်။

ပြီးခဲ့သည့် မတ်လတတိယပတ်အတွင်းက အာဆီယံအလှည့်ကျဥက္ကဌ၏အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း( Prak Sokhonn ) မြန်မာနိုင်ငံကိုလာရောက်ခဲ့စဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်တန်းခေါင်းဆောင် ဒေါ်စုစုလွင် နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဒေါ်စုစုလွင် ကိုဗစ်ကူးစက်ခံထားရသောကြောင့် တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသေးသည်။

Photo – The Asian Age


LEAVE A REPLY

Please enter your comment!
Please enter your name here