မြင်းမူနှင့်ချောင်းဦးမြို့နယ်တို့တွင် နှစ်ရက်အ တွင်း အမျိုးသား၊အမျိုးသမီး ၂၃ ဦးသတ်ဖြတ်ခံခဲ့ရ

0
154

မြင်းမူနှင့်ချောင်းဦးမြို့နယ်တို့တွင် နှစ်ရက်အ တွင်း အမျိုးသား၊အမျိုးသမီး ၂၃ ဦးသတ်ဖြတ်ခံခဲ့ရ

စစ်ကိုင်းတိုင်း၊မြင်းမူနှင့်ချောင်းဦးမြို့နယ်တို့တွင် နေထိုင်သည့် အမျိုးသား၊အမျိုးသမီး ၂၃ ဦးသည် ဧပြီ ၃၀ ရက်နှင့်မေ ၁ ရက်တို့က သတ်ဖြတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်များတွင် မြင်းမူမြို့နယ်၊ပဒတ္တိုင်းကျေးရွာအတွင်းသို့ ဧပြီ ၃၀ ရက်နေ့လည် ၃ နာရီခန့်က လက်နက်ကိုင် ၈၀ ဦးခန့်သည် သေနတ်များပစ်ခတ်၍ ကားများဖြင့်ဝင်ရောက်လာခဲ့သည်။

ထိုသို့ ဝင်ရောက်လာပြီးနောက် ကျေးရွာ၌နေထိုင် သူများဖြစ်သည့် ဦးထွန်းနိုင်(၄၇)နှစ်၊ ဦးပြေအေး (၄၄)နှစ်၊ ဦးဇော်မြင့်(၅၂)နှစ်၊ ကိုစန်းထူး(၃၆)နှစ်၊ဦးဆန်းဦး(၃၃)နှစ်၊ဦးမျိုးဆန်း(၂၈)နှစ်၊ ဦးတင်ဝမ်း(၃၅)နှစ်၊ ဦးချစ်သင်္ကြန်ဟိန်း(၃၃)နှစ်၊ ဒေါ်တင်မေဌေး(၄၀)နှစ်၊ဒေါ်တင်မေရီ (၅၁)နှစ်၊ဒေါ်ကြည်ဌေး(၆၂)နှစ်၊ ဒေါ်သဉ္ဇာဝင်း(၃၅)နှစ်၊ ဒေါ်တင်မေအေး(၄၃)နှစ်၊ မအေမီကျော်(၂၃)နှစ်နှင့် မအေမီသင်း(၁၉)နှစ်တို့အား ကျေးရွာအပြင်ရှိ သုဿာန်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့နောက် သုဿာန်အတွင်း ကြိုးများဖြင့် ချည် နှောင်၍ညှင်းပန်းနှိပ်စက်ကာ“သတင်းပေး၊ ဒလန်များ”ဟု စွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားသူများအနက် အမျိုးသား ၈ ဦးနှင့်အမျိုးသမီး ၂ ဦးအား သေနတ်များဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းများအား မီးရှို့ခဲ့ပြီး ဒေါ်ကြည်ဌေး၊ဒေါ်သဉ္ဇာဝင်း၊ဒေါ်တင်မေအေး၊မအေမီကျော်နှင့်မအေမီသင်း တို့အား ပြန်လွှတ်ပေးခဲ့သည်။

အလားတူ မေ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ချောင်းဦးမြို့နယ်၊ကင်မွန်းထော်ကျေးရွာမှအမြင့်ကျေးရွာသို့ စျေးဝယ်ရန်ထွက်လာကြသူ ၁၃ ဦးအား လက်နက်ကိုင်အဖွဲ့များက တောကျောင်းလေးကျေးရွာအနီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

ဖမ်းဆီးခံရသူများသည် ချောင်းဦးမြို့နယ်၊ကင်မွန်းတော်ကျေးရွာနေသူများဖြစ်သည့် ဦးပြားကြီး (၃၈)နှစ်၊ ဦးနန်းထိုက်(၃၅)နှစ်၊ဦးစိုးသန်း(၄၅)နှစ်၊ ဦးကျော်ရွှေ(၄၃)နှစ်၊ ဦးဇော်(၄၈)နှစ်၊ ဦးမင်း (၄၀)နှစ်၊ ဦးမင်း(၄၃)နှစ်၊ ဦးလှိုင်မျိုးထွန်း(၃၃)နှစ်၊ဒေါ်စန်းညွန့်စိန်(၄၆)နှစ်၊ ဒေါ်ယဉ်မာဌေး(၃၈)နှစ်၊ဒေါ်တင်မော်(၄၂)နှစ်၊မသက်နှင်းဝေ(၁၉)နှစ်နှင့်မသွယ်ဇင်ဝင်း(၁၈)နှစ်တို့ဖြစ်သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင်အဖွဲ့သည် ဖမ်းဆီးသွားသူများအား ငါးလုံးတင်ကျေးရွာ အနောက်ဘက် ၁ မိုင်ခန့်အ ကွာရှိ ချောင်းရိုးအတွင်း၌ “သတင်းပေး၊ ဒလန်များ”ဟု စွပ်စွဲကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီး ရုပ်အလောင်းများအား ချောင်းရိုးအတွင် စွန့် ပစ်ခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူဆောင် ရွက်နိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေခံစစ်ကြောင်းများနှင့်ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here