မြန်မာနိုင်ငံမှာ လူနည်းစုသာသိကြသည့် သူတစ်ပါးထိခိုက်မှုအာမခံအကြောင်း

0
165

မြန်မာနိုင်ငံမှာ လူနည်းစုသာသိကြသည့် သူတစ်ပါးထိခိုက်မှုအာမခံအကြောင်း

လက်ရှိပြည်တွင်းတွင် မီးအားမခံ၊ ကားအာမခံ၊ အသက်အာမခံ၊ အစရှိသဖြင့် အာမခံခြင်းများစွာအား မြန်မာ့အာမခံလုပ်ငန်းမှ ပြည်သူပေါင်းများစွာထားရှိနိုင်ဖို့ ဆောင်ရွက်ပေးလျက်ရှိသည်။

သို့သော် ထိုအာမခံများအနက် သူတစ်ပါးထိခိုက်မှုအာမခံအကြောင်းအား လူသိနည်းနေသေးသည်။

သူတစ်ပါးထိခိုက်မှုအာမခံ ဆိုသည်မှာမိမိ၏စက်တပ်ယာဉ်ကြောင့် သူတစ်ပါးသေဆုံးခဲ့လျှင်၊ ဒဏ်ရာရခဲ့လျှင် နစ်နာကြေးငွေ ပေးချေနိုင်မည့် အာမခံအမျိုးအစားတစ်ခု ဖြစ်သည်။

အာမခံထားရှိသူများအနေဖြင့် ပရီမီယံပေးဆောင်ရသည့်အကြောင်းရင်းမှာ ” ၁-၇-၁၉၇၆ ခုနှစ် သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေအရ နိုင်ငံတကာနည်းတူ မထား မနေရ ထားရှိရခြင်း ဖြစ်ပြီး စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်း ဆုံးရှုံးခြင်းခံရတဲ့ နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန်တာဝန် ရှိပါတယ်။ အဲ့ဒီ့ပေးလျော်ရမယ့်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းက ပုခုံးလွှဲပြောင်းတာဝန် ယူတဲ့စနစ် ဖြစ်ပါတယ်” ဟု ယင်းလုပ်ငန်းမှသိရသည်။

ပရီမီယံပေးဆောင်ခြင်းမှ ဘယ်လိုအကျိုးကျေးဇူးရှိစေလည်း ဆိုတာအား သိရှိသူနည်းပါးသည့်အပြင် အချို့ယာဉ်ပိုင်ရှင်များအနေဖြင့် ပရီမီယံပေးရခြင်းအား အကျိုးမရှိ အလဟဿ ကောက်ခံနေသည့် လုပ်ငန်းလို့တောင် ထင်မြင်ကြတာကို တွေ့ရှိနေရကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးအား သေဆုံးသူ၏ တရားဝင်ဇနီး (သို့မဟုတ်) ခင်ပွန်း၊ အမျိုးသမီးဖြစ်ပါက ခင်ပွန်းမရှိလျှင် သားသမီး၊ သားသမီး မရှိလျှင် မိဘ၊ ဇနီး(သို့မဟုတ်)ခင်ပွန်း၊ သားသမီး၊ မိဘများ မရှိလျှင် ညီအစ်ကိုမောင်နှမအရင်းအချာ(များ)၊ အနီးစပ်ဆုံးဆွေမျိုးတော်စပ်သူများ တောင်းခံနိုင်ပါသည်။

နစ်နာကြေးတောင်းခံနိုင်သည့်ကာလ သတ်မှတ်ချက်အနေဖြင့် သေဆုံးလျှင် ထိခိုက်မှုဖြစ်ပွားပြီး သေဆုံးသည့်နေ့မှ ၁၂ လ၊ ဒဏ်ရာရလျှင် ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ ၂၄ လ၊ ပစ္စည်းပျက်စီးဆုံးရှုံးလျှင် ထိခိုက်ပျက်စီးမှုဖြစ်ပွားသည့်နေ့မှ ၁၂ လ အတွင်း တောင်းခံနိုင်ကြောင်း သိရသည်။

နစ်နာကြေးအား မြန်မာ့အာမခံလုပ်ငန်း ရုံးချုပ်နှင့် ရုံးခွဲ ၃၉ ရုံးမှာ တောင်းခံနိုင်ပြီး အထောက်အထားပြည့်စုံလျှင် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိ၌ ယင်းအာမခံထားရှိသည့် ထိခိုက်နစ်နာသူမိသားစုဝင်များ နစ်နာကြေးလျှင်မြန်စွာရရှိရေးအား အလေးပေးဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here