မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်မှာ လှူဖွယ် ပစ္စည်း များသွားရောက်လှူဒါန်းခဲ့တဲ့ ထက်ထက်မိုးဦး

0
169

မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်မှာ လှူဖွယ် ပစ္စည်း များသွားရောက်လှူဒါန်းခဲ့တဲ့ထက်ထက်မိုးဦး

အကယ်ဒမီထက်ထက်မိုးဦးကတော့ မေလ ၈ ရက်နေ့မှာကျရောက်တဲ့ သူမရဲ့မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်မှ သံဃာတော်များအား လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ ပတ်သက်ပြီး အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်မှ ဆရာတော်က” အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်အာဟာရသုခ ဆွမ်းစားကျောင်းဆောင်ဒါယိကာမကြီးဒေါ်ထက်ထက်မိုးဦး မှဆွမ်းဆန်တော် ဆီနှင့် နဝကမ္မတို့လာရောက်လှူဒါန်းခဲ့တယ် ” လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ထက်ထက်မိုးဦး အနေနဲ့ ၁၉၉၆ ခုနှစ်နဲ့ ၂၀၀၁ ခုနှစ်မှာ ” ပန်းသခင် ” ဇာတ်ကားနဲ့ ” သမီးမိုက် “ဇာတ်ကားမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု အဖြစ်အကယ်ဒမီရရှိခဲ့တာဖြစ်ပြီး တစ်ခေတ်တစ်ခါက ကြော်ငြာများမှာ ဘုရင်မတစ်ပါးလိုအောင်မြင်ကျော်ကြားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here