တောင်ကိုရီးယားက မြန်မာလုပ်သားများအား ဆက်တိုက်ခေါ်ယူလျှက်ရှိကာ၊ယနေ့တွင် မြန်မာလုပ်သား၁၂၀ကျော် ကိုရီးယားသို့ရောက်ရှိလာ

0
245

တောင်ကိုရီးယားက မြန်မာလုပ်သားများအား ဆက်တိုက်ခေါ်ယူလျှက်ရှိကာ၊ယနေ့တွင် မြန်မာလုပ်သား၁၂၀ကျော် ကိုရီးယားသို့ရောက်ရှိလာ

တောင်ကိုရီးယားနိုင်ငံအစိုးရသည် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများအား ပြန်လည်လက်ခံလျက်ရှိရာယနေ့မေလ၁၀ ရက်နေ့တွင် (၁၂၈)ဦး တို့သည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်ဟုသိရသည်။

လုပ်သား၁၂၈ဦးတွင် Re-entry လုပ်သား (၁၁၁)ဦးလည်းပါဝင်ပြီး ကျန်သူများမှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၁၇)ဦး ဖြစ်သည်ဟု မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သိရသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကယနေ့ ရောက်ရှိလာသော မြန်မာလုပ်သားများအားကြိုဆို၍ အလုပ်သမားများအား ကူညီပံ့ပိုးပေးခဲ့သည်ဟုသိရသည်။

ပြီးခဲ့သည့်မေလ၃ရက်နေ့ကလည်း ၁၃၅ဦး၊ဧပြီ၂၈ရက်၊၁၂ရက်နှင့်၄ရက်နေ့တို့ကလည်း မြန်မာလုပ်သား စုစုပေါင်း၃၁၇ဦးတို့အား တောင်ကိုရီးယားကခေါ်ယူလက်ခံခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here