တာလီမှပေါင်စန်းအထိ ရထားလမ်းခင်းခြင်းပြီးဆုံးဟု တရုတ်သံရုံးအသိပေး

0
207

တာလီမှပေါင်စန်းအထိ ရထားလမ်းခင်းခြင်းပြီးဆုံးဟု တရုတ်သံရုံးအသိပေး

တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းတွင် အဓိကအစိတ်အပိုင်းဖြစ်သည့် တာလီ-ရွှေလီရထားလမ်းပိုင်း၏ တာလီမှပေါင်စန်းအထိ ရထားလမ်း ခင်းခြင်းပြီးဆုံးပြီဖြစ်ဟု မြန်မာနိုင်ငံဆိုင်ရာ တ ရုတ်သံရုံးမှ ယနေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ရထားလမ်းပိုင်း၏ အခြေခံအဆောက်အအုံ၊ တံတားတည်ဆောက်ရေးစီမံကိန်းများသည် ၁၀၀ ရာခိုင်နှုန်း ပြီးဆုံးသွားပြီဖြစ်ကာ ဘူတာရုံအခန်းများတည်ဆောက်မှုမှာလည်း အခြေခံအဆင့်ပြီးစီးပြီဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် တာလီ-ရွှေလီရထားလမ်းပိုင်းအား ၂၀၂၂ ခုနှစ်အတွင်းဖွင့်လှစ်သွားမည်ဟု တရုတ်သံရုံးမှအသိပေးထုတ်ပြန်ခဲ့သည်။

တာလီ-ရွှေလီရထားလမ်းပိုင်းသည် အရှည် ၃၃၀ ကီလိုမီတာရှိကာ ရထားလမ်းပိုင်းရှိ တံတားဥမင်လိုဏ်ခေါင်းအချိုးအဆသည် ၇၆ ဒသမ ၅ ရာခိုင်နှုန်းရှိကာ လမ်းကြောင်းတစ်လျှောက်၌ တာလီမှပေါင်စန်း၊ပေါင်စန်းမှရွှေလီအထိအား အပိုင်းလိုက်တည်ဆောက်သည့်ပုံစံဖြင့် ဖော်ဆောင်ထားသည်ဟု သိရသည်။

အလားတူ ရထားလမ်းခင်းမှုပြီးစီးခဲ့သည့် တာလီမှပေါင်စန်းရထားလမ်းပိုင်းသည် အရှည် ၁၃၃ ကီလိုမီတာရှိကာ ဥမင်လိုဏ်ခေါင်းပေါင်း ၂၁ ခု၊ တံတား ၃၆ ခုရှိပြီး တံတားဥမင်လိုဏ်ခေါင်းအချိုးအဆသည် ၈၆ ဒသမ ၅ ရာခိုင်နှုန်းရှိ၍ ၁၄ နှစ်ကာ တည်ဆောက်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here