တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရာတွင် YBS ကားလိုင်းများပုံမှန်ပြေးဆွဲပေးရန်စီစဥ်ထား

0
152

တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရာတွင် YBS ကားလိုင်းများပုံမှန်ပြေးဆွဲပေးရန်စီစဥ်ထား

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာ န၏ တက္ကသိုလ်များအား မေ ၁၂ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ တက္ကသိုလ်များနှင့်ချိတ်ဆက်ပြေးဆွဲနေသည့် YBS ကားများအား ပုံမှန်ပြေးဆွဲပေးရန် စီစဥ်ထားသည်ဟု YRTC မှသိရသည်။

ထိုသို့ တက္ကသိုလ်များသို့ချိတ်ဆက်ပြေးဆွဲပေးနေသည့် YBS ကားလိုင်းများမှတာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှတာဝန်ရှိသူ များက တွေ့ဆုံ၍မှာကြားထားကြောင်း သိရသည်။

“ကျောင်းတွေပြန်ဖွင့်ချိန်မှာ ကျောင်းသူကျောင်း သားတွေ ဆရာဆရာမတွေ အဆင်ပြေစေဖို့အ တွက် တက္ကသိုလ်တွေနဲ့ချိတ်ဆက်တဲ့ ကားလိုင်းတွေအားလုံးကတာဝန်ရှိသူတွေကိုခေါ်ပြီး ကျောင်းတက်ကျောင်းဆင်းချိန်မှာ အဆင်ပြေအောင်ခပ်စိတ်စိတ်ဆွဲပေးဖို့ မှာကြားထားပါတယ်”ဟုရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ၏ တွဲဖက်အ တွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

အလားတူ အရှေ့ပိုင်းတက္ကသိုလ်၊အနောက်ပိုင်းတက္ကသိုလ်နှင့်ဒဂုံတက္ကသိုလ်များအား ချိတ်ဆက်ပြေးဆွဲပေးနေသည့် YBS ကားလိုင်းများအား ယ ခင်နည်းတူပုံမှန်ပြန်ချိတ်ဆက်၍ ခပ်စိတ်စိတ်ပြေးဆွဲရန် YRTC မှမှာကြားထားပြီးဖြစ်ကြောင်း သိရသည်။

“လတ်တလောမှာကျောင်းသွားကျောင်းပြန်အ တွက် ကြို/ပို့ ဖယ်ရီကားကဘာမှန်းသေချာမသိသေးတဲ့အချိန်မှာ YBS နဲ့ပဲကျောင်းသွားကျောင်းပြန်လုပ်ရမှာလေ ကားတစ်စီးနဲ့တစ်စီးကိုအကြာကြီးမစောင့်ရဘဲ အချိန်မှန်မှန်လေးဆိုရင်တော့ကောင်းတာပေါ့”ဟု ဒဂုံတက္ကသိုလ်၌ ပထမနှစ်စ တင်တက်ရောက်မည့် မောင်နိုင်လင်းစိုးကပြော သည်။

ရန်ကုန်တိုင်းအတွင်း၌ YBS ကားလိုင်းပေါင်း ၁၁၄ လိုင်းခန့်မှ ကားစီးရေ ၃၀၀၀ ကျော်ဖြင့်နေ့စဥ်ပြေးဆွဲပေးလျက်ရှိကြောင်း YRTC မှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here