နှစ်ပွဲဆက်အနိုင်ရလဒ်ရထားသည့် မြန်မာအသင်း ၁၃ ရက်နေ့၌ အိမ်ရှင် ဗီယက်နမ်အသင်းနှင့်ယှဥ်ပြိုင်ကစားရမည်

0
205

နှစ်ပွဲဆက်အနိုင်ရလဒ်ရထားသည့် မြန်မာအသင်း ၁၃ ရက်နေ့၌ အိမ်ရှင် ဗီယက်နမ်အသင်းနှင့်ယှဥ်ပြိုင်ကစားရမည်

ဗီယက်နမ်နိုင်ငံမှအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက် အရှေ့ တောင်အာရှအား ကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် နှစ်ပွဲဆက်အနိုင်ရလဒ်ရရှိထားသည့် မြန်မာယူ-၂၃ အမျိုးသားဘောလုံးအသင်းသည် မေ ၁၃ ရက်၌ အိမ်ရှင်ဗီယက်နမ်အ သင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ၌ ယှဥ်ပြိုင်ကစားပြီးဖြစ်သည့် ပြိုင်ပွဲ နှစ်ခုတွင် အနိုင်ရလဒ်များရရှိကာ အုပ်စု ပထမနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

တီမောယူ-၂၃ အသင်းနှင့် မေ ၈ ရက်ကယှဥ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲတွင် မြန်မာယူ-၂၃ အသင်းမှ ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ကာ မေ ၁၀ ရက်ကယှဥ်ပြိုင်ကစားခဲ့သည့် ဖီလစ်ပိုင်ယူ-၂၃ အသင်းနှင့်ပွဲစဥ်တွင်လည်း ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိထားခြင်းဖြစ်သည်။

မြန်မာယူ-၂၃ အသင်းသည် အုပ်စု(က)၌ တီမော၊ဖီလစ်ပိုင်၊အင်ဒိုနီးရှား၊အိမ်ရှင်ဗီယက်နမ်အသင်းများနှင့်ကျရောက်လျက်ရှိပြီး မေ ၁၃ ရက်တွင် ဗီယက်နမ်၊ မေ ၁၅ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

“နှစ်ပွဲကစား နှစ်ပွဲနိုင်ဆိုတာကတော့ ကျေနပ်စရာပဲပေါ့ ဒါပေမယ့် ဖီလစ်ပိုင်နဲ့ပွဲမှာအနောက်ကလိုက် ကစားပြီးမှအနိုင်ရလဒ်ကိုရခဲ့တာကိုတော့ အားမရဘူး အနိုင်ရလဒ်ကိုအပြတ်အသတ်ဖြစ်စေချင်တာ ဆီးဂိမ်းမှာကျွန်တော်တို့မြန်မာအသင်းကို ဗိုလ်စွဲစေချင်တယ်ဗျာ”ဟုကိုဝင်းစိုးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here