ဆီကန်များမှ ဆီတန်ချိန် ၁၈၀၀၀ ကျော်အား ခွင့်ပြုချက်မရဘဲထုတ်ပေးခြင်းမပြုရန် အကြောင်း ကြားထား

0
127

ဆီကန်များမှ ဆီတန်ချိန် ၁၈၀၀၀ ကျော်အား ခွင့်ပြုချက်မရဘဲထုတ်ပေးခြင်းမပြုရန် အကြောင်း ကြားထား

ပြည်ပမှမှာယူထားသည့် စားသုံးဆီများရောက်ရှိလာခြင်းမရှိသေးချိန်၌ ပြည်တွင်းတွင် စားသုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ဆီကန်များရှိ ဆီတန်ချိန် ၁၈၀၀၀ ကျော်အတိုင်းထားရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထားရှိရမည့် ဆီတန်ချိန် ၁၈၀၀၀ ကျော်အား ခွင့်ပြုချက်မရဘဲထုတ်ပေးခြင်းမပြုရန်လည်း အကြောင်းကြားထားသည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏တာ ဝန်ရှိသူတစ်ဦးကပြောသည်။

“ပြည်ပကမှာထားတဲ့စားသုံးဆီတွေရောက်မလာသေးခင်မှာ စားသုံးဆီမပြတ်လပ်စေဖို့အတွက် အကြောင်းကြားခဲ့တာဖြစ်ပါတယ်”ဟုတာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်တွင်း၌ စားသုံးဆီလက်ကျန်ပမာဏသည် ၁၂ ရက်မှ ၂၁ ရက်အထိဖူလုံမှုရှိကာ စားအုန်းဆီစျေးနှုန်းမှာ မေ ၉ ရက်မှ ၁၅ ရက်ထိ ရန်ကုန်အ ထိုင်အခြေခံဈေး လက်ကားတစ်ပိဿာလျင် ၆၀၂၅ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

“စားအုန်းဆီစျေးတွေကတော့တက်နေတာပဲ ဒီနေ့ဝယ်ရတဲ့စျေးနဲ့ နောက်ရက်ဝယ်ရတဲ့စျေးကမတူပြန်ဘူး ကျွန်မတို့ဘက်မှာက လက်လုပ်လက်စားတွေများတော့ အများကြီးလည်းကြိုမဝယ်ထားနိုင်ဘူးလေ ကြားရသလောက်ဆိုရင် စားအုန်းဆီစျေးကထပ်တက်မယ်လို့တောင်ကြားတယ် အဲ့လိုတော့မဖြစ်ချင်ဘူး ကျွန်မတို့ဆီကဝယ်စားတဲ့လူတွေကိုလည်း စျေးသက်သက်သာသာနဲ့ပြန်ရောင်းပေးချင်တယ်”ဟုဒဂုံတောင်ပိုင်းမှ အိမ်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအ သင်းမှ မေ ၁၀ ရက်က စားသုံးဆီကုမ္ပဏီများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ညွှန်ကြားချက်ဖြင့် ပေးပို့ခဲ့သည့် အကြောင်း ကြားစာတွင် မေ ၉ ရက်၌ ပေးပို့တင်ပြခဲ့သည့် ဆီကန်များတွင် ဆီလက်ကျန်ပမာဏတန်ချိန် ၁၈၀၀၀ ကျော်အတိုင်း ထားရှိရမည်ဟု ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here