ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကရင်ပြည် နယ်နှင့်မွန်ပြည်နယ်တို့မှ စစ်ဘေးရှောင်ပြည်သူ ၁၃၀၀၀ ကျော်ရှိနေဟု UN OCHA ထုတ်ပြန်

0
184

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကရင်ပြည် နယ်နှင့်မွန်ပြည်နယ်တို့မှ စစ်ဘေးရှောင်ပြည်သူ ၁၃၀၀၀ ကျော်ရှိနေဟု UN OCHA ထုတ်ပြန်

မြန်မာနိုင်ငံ(အရှေ့နောင်ပိုင်း)ရှိ ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့်မြဝတီမြို့နယ်၊မွန် ပြည်နယ်၊ဘီးလင်းမြို့နယ်တို့တွင် ပြီးခဲ့သည့် သီ တင်းပတ်များအတွင်း စစ်ဘေးရှောင်ပြည်သူ ၁၃၇၁၀ ဦးရှိဟု UN OCHA မှထုတ်ပြန်ခဲ့သည်။

အဆိုပါ မြို့နယ်များတွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ဒေသခံအဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသဖြင့် ဘီးလင်းမြို့နယ်မှ ၈၄၆၀ ဦး၊ကြာအင်းဆိပ်ကြီးမြို့နယ်မှ ၄၇၅၀ ဦးနှင့်မြဝတီမြို့နယ်မှ ၅၀၀ ဦး(စုစုပေါင်း ၁၃၇၁၀ ဦး) တို့သည် စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ သိရသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင်လည်း နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ဒေသခံအဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသဖြင့် မြို့နယ်အတွင်းရှိ ပြည်သူ ၁၀၀၀ ကျော်မှာ နေ အိမ်များအားစွန့်ခွာတိမ်းရှောင်နေရသည်ဟု သိရသည်။

UN OCHA ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေမှာ မေ ၂ ရက်အထိ ၂၄၉,၅၀၀ ဦးရှိကြောင်း သိရသည်။

အလားတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘေးရှောင်ဦးရေမှာ မေ ၂ ရက်အထိ ၉၃၆,၇၀၀ ဦးရှိပြီဖြစ်၍ လိုအပ်သည့်အကူအညီများပေးနိုင်ရန် ပဋိပက္ခဒဏ်သင့်ရာဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်ကူညီပေးခွင့်ရရန် လိုအပ်နေသည်ဟု UN OCHA မှထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here