Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးဖို့စီစဉ်

0
156

Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးဖို့စီစဉ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး စီစဉ်နေသည်ဟု လဝကဆိုင်ရာသတင်းများအရသိရသည်။

ယခင်က မြန်မာနိုင်ငံသည် Online e-Visa စနစ်ဖြင့် e-Visa (ကမ္ဘာလှည့်ဗီဇာ)ကို နိုင်ငံပေါင်း ၁၀၀၊ e-Visa (လုပ်ငန်း)ကို နိုင်ငံပေါင်း ၅၅ နိုင်ငံ ခွင့်ပြုဆောင်ရွက်နေရာမှ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှစ၍ ယာယီရပ်ဆိုင်း ထားခဲ့ခြင်းဖြစ်ရာ ယင်းယာယီရပ်ဆိုင်းထားမှုကို ပြန်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ မြန်မာ့အာမခံလုပ်ငန်းနှင့် e-Visa စနစ်အား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Myanmar Easenet ကုမ္ပဏီတို့မှ တာဝန်ရှိသူများ စုပေါင်းပြီး မေလ ၁၂ရက်နေ့က ယင်းကိစ္စနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။

လဝက၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာ လျော့နည်းကျဆင်းလာမှုကြောင့် e-Visa ဖြင့် (Business) လုပ်ငန်းဗီဇာကို ဧပြီ ၁ ရက်မှ ပြန်လည်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဧပြီ ၁၇ ရက်မှစ၍လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည် ဝင်/ထွက် ပျံသန်းခွင့်ပြုခဲ့ရာ e-Visa (Business) ဖြင့် လျှောက်ထားဝင်ရောက်လာမှုများ ရှိပါကြောင်း၊ ယခုထပ်မံ၍ e-Visa (Tourist) ကမ္ဘာလှည့်ဗီဇာကို ခွင့်ပြုချက်အရ ခွင့်ပြုဆောင်ရွက်ရန်ရှိကြောင်း ဆွေးနွေးပွဲတွင်ပြောဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here