နားလည်မှုစာချွန်လွှာနှင့်သဘောတူစာချုပ်များလက်မှတ်ထိုးပြီးနောက် ထိုင်းနိုင်ငံသို့ မြန်မာ MoU အလုပ်သမား ၉ သိန်းကျော်စေလွှတ်ထားပြီးဖြစ်

0
236

နားလည်မှုစာချွန်လွှာနှင့်သဘောတူစာချုပ်များလက်မှတ်ထိုးပြီးနောက် ထိုင်းနိုင်ငံသို့ မြန်မာ MoU အလုပ်သမား ၉ သိန်းကျော်စေလွှတ်ထားပြီးဖြစ်

ထိုင်းနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်၊မတ် ၈ ရက်မတိုင်မီအထိ စေလွှတ်ထားပြီးသည့် မြန်မာအလုပ်သမား ၉၁၅၉၈၀ ဦးရှိသည်ဟု ထိုင်းနိုင်ငံသို့ တရားဝင်ရွှေ့ပြောင်းလုပ်သားများသွားရောက်နိုင်ခြင်းနှင့်တရားမဝင်ဝင်ရောက်လုပ်ကိုင်မှုများကြောင့် အ န္တရာယ်ရှိကြောင်းထုတ်ပြန်ချက်မှ သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာ ပူး ပေါင်းဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာအား ၂၀၀၃ ခုနှစ်၊ဇွန် ၂၁ ရက်၊အလုပ်သမားများအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အား ၂၀၁၆ ခုနှစ်၊ဇွန် ၂၄ ရက်တို့တွင် အသီးသီးလက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေး သားထားသည်။

ထိုသို့ လက်မှတ်များရေးထိုးပြီးနောက် MoU စနစ်ဖြင့် တရားဝင်အလုပ်သမားစေလွှတ်ရေး လုပ်ငန်းများအားဆောင်ရွက်ခဲ့ရာ ကိုဗစ်(၁၉)ရောဂါကြောင့် စေလွှတ်ရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။

ယင်းသို့ ရပ်ဆိုင်းခဲ့ရာ အလုပ်သမားဝန်ကြီးဌာနမှ ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမားစေလွှတ်ရေးလုပ်ငန်းအား မြန်မာ-ထိုင်း နှစ်နိုင်ငံညှိနှိုင်း၍ မေ ၁၀ ရက်တွင် အလုပ်သမား ၂၈၇ ဦး၊ မေ ၁၁ ရက်တွင် အလုပ်သမား ၃၀၁ ဦးတို့အား မြဝတီ-မဲဆောက်မြို့မှတစ်ဆင့် အဆင်ပြေချောမွေ့စွာစေ လွှတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်မှ သိရသည်။

အလားတူ MoU စနစ်ဖြင့် တရားဝင်အလုပ်သမားများစေလွှတ်မှုအား အလုပ်သမားဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ် ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် တ ရားဝင်သတ်မှတ်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှမဟုတ်ဘဲ တရားမဝင်ပို့ဆောင်သူ/ပွဲစားများမှတစ်ဆင့် သွားရောက်လုပ်ကိုင်ပါက ငွေကြေးများ အဆမ တန်ပေးနေရသည့်အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင်လည်း တရားမဝင်နေထိုင်လုပ်ကိုင်ရခြင်း၊အလုပ်သမားအကျိုးခံစားခွင့် အပြည့်အဝမရခြင်း၊သက်ဆိုင်ရာဌာနများမှဝင်ရောက်စစ်ဆေးချိန်တွင် တရားမဝင်လုပ်ကိုင်နေရခြင်းကြောင့် ဖမ်းဆီးခံရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်မှုကြောင့် ကန်ချနဘူရီပြည်နယ်၊စိုင်းရို့ခ ရိုင်ရဲစခန်းတွင် ၉၀ ရှိကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အလားတူ ကားမှောက်မှုများတွင် ထိုင်းနိုင်ငံရှိ ဖိုးဖရခရိုင်တွင်တစ်ကြိမ်၊တာ့ခရိုင်၊ဝမ်ကျောက်မြို့ နယ်တွင်တစ်ကြိမ်၊အယုဒ္ဓယခရိုင်၊မဟာရတ်မြို့ နယ်တွင်တစ်ကြိမ်၊ အမှတ် ၂၃ လမ်းမကြီး သွန်ဖာဖမ်ခရိုင်တွင် တစ်ကြိမ်၊ကန်ချနဘူရီပြည်နယ်တွင်တစ်ကြိမ်၊ပကျွတ်ခီလီခံပြည်နယ်တွင်တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမား ၁၉ ဦးသေဆုံးခဲ့ကာ ၁၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်မှုများအပြည့်အဝမရရှိခြင်းနှင့်အခြားလူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး အခက်အခဲမျိုးစုံကြုံတွေ့နိုင်သ ဖြင့် တရားမဝင်သွားရောက်ခြင်းများလုံးဝမပြုလုပ်ရန်၊ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်ခြင်းကြောင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အ ရေးကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ခြင်း၊လူကုန်ကူးခံရမှုမဖြစ်ပွားနိုင်ခြင်း၊ဆိုက် ရောက်နိုင်ငံများ၌ လွတ်လပ်စွာ သွားလာနိုင်ခြင်းနှင့်လုပ်ငန်းခွင်၌ စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ရေးသားထား သည်။

ထို့ကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ် ကိုင်ရန်လိုအပ်သည့် သတင်းအချက်အလက်များ၊ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေ ဂျင်စီများ စာရင်းအား အလုပ်သမားဝန်ကြီးဌာန ၏ Website www.mol.gov.mm ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ Safe Migration Facebook Page နှင့် Safe Migration Telegram Channel အပါအဝင် နေပြည်တော်၊တိုင်းနှင့်ပြည် နယ်များရှိ ခရိုင်၊မြို့နယ်ရုံးများ၌ မေးမြန်းစုံစမ်းခြင်း၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော် ဖုန်း ၀၆၇- ၄၃၀၁၈၃ ၊ ၀၆၇- ၄၃၀၂၈၄ တို့သို့ ဆက်သွယ်ကာ သတင်းအချက် အလက်များရရှိနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here