သံတောင်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး အနီး၌ရှိနေသည့် ကျောင်းဆရာတစ်ဦးပါ ကျည်ထိမှန်သေဆုံးခဲ့

0
89

သံတောင်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး အနီး၌ရှိနေသည့် ကျောင်းဆရာတစ်ဦးပါ ကျည်ထိမှန်သေဆုံးခဲ့

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊သံတောင်မြို့တွင် မေ ၁၂ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဦးကျော်ငြိမ်း(အသက်-စီစစ်ဆဲ)သည် နေအိမ်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဦးကျော်ငြိမ်း သေနတ်ဖြင့်ပစ်ခတ်ခံရစဥ်အနီးရှိ ကျောင်းဆရာတစ်ဦးဖြစ်‌သည့် ဦးချန်းနူးလ်တွင်လည်း ကျည်ထိမှန်ဒဏ်ရာရရှိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဦးကျော်ငြိမ်းကိုပစ်တဲ့အချိန် ဘေးမှာရှိနေတဲ့ ကျောင်းဆရာကိုပါ ကျည်ထိသွားတယ်လို့သိရတာပဲ သေနတ်သံတွေကြားလိုက်ရတယ် ကျောင်း ဆရာမှာက သူ့မိန်မနဲ့ကလေး ၂ ယောက်ကျန်ခဲ့တယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ဦးကျော်ငြိမ်းသည် သေနတ်ဖြင့်ပစ်ခတိခံရမှုကြောင့် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကာ ကျောင်းဆရာဦးချန်းနူးလ်မှာလည်း သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here