အာဆီယံနိုင်ငံများ၏အကျိုးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ အား အမေရိကန်မှကူညီမည်

0
187

အာဆီယံနိုင်ငံများ၏အကျိုးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ အား အမေရိကန်မှကူညီမည်

ယမန်နေ့ မေလ ၁၂ ရက်နေ့တွင် အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေး ၂၀၂၂ ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့ရှိ အိမ်ဖြူတော်(သမ္မတအိမ်တော်) တွင် စတင်ကျင်းပခဲ့သည်။

အစည်းအဝေးမစမီ အာဆီယံဒေသတွင်းခေါင်းဆောင်များနှင့်အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တို့ အိမ်ဖြူတော်တွင် ညစာစားပွဲကျင်းပခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မှ ဘဏ္ဍာရေးဆိုင်ရာကတိများဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။အဆိုပါကတိမှာ အမေရိကန်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏အကျိုးအတွက် အခြေခံအဆောက်အဦး၊လုံခြုံရေး၊ကပ်ရောဂါကြိုတင်ပြင်ဆင်ရေးနှင့်အခြားအခန်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ အားအသုံးပြုမည် ဟူသောကတိဖြစ်သည်။

အမေရိကန်နိုင်ငံမှ ကမ်းလှမ်းထားသော ဘဏ္ဍာရေးကတိကဝတ်အသစ်တွင် အာဆီယံဒေသတွင်း ဓာတ်အားခွဲထုတ်မှုအထောက်အကူပြုစေမည့် အခြေခံအဆောက်အဦးဆိုင်ရာရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ သန်း ၄၀ အထိတိုးမြှင့်၍ ရင်းနှီးမြှုပ်နှံခြင်း၊နောက်ထပ်အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ်ကို ရေကြောင်းလုံခြုံရေးအတွက်လည်းကောင်း၊ COVID 19 အပါအဝင်အခြား ကပ်ရောဂါများအတွက် ကျန်းမာရေးရံပုံငွေအဖြစ် အမေကိကန်ဒေါ်လာ ၁၅ သန်းနှင့်ကျန်ရှိသောဘဏ္ဍာများအား ဒစ်ဂျစ်တယ်စီးပွားရေးနှင့် AI ဥပဒေစိုးမိုးရေးဖွံ့ဖြိုးတိုးတက်မှုများအတွက်အသုံးပြုသွားမည်ဟူသော အချက်များပါဝင်သည်။

ထို့အပြင် အာဆီယံဒေသတွင်း တရားမဝင်ငါးဖမ်းမှုတိုက်ဖျက်ရေးအတွက် ဒေသတွင်းရေတပ်များကို အကူအညီပေးမည့်ကမ်းခြေစောင့်သ‌ေင်္ဘာတစ်စင်းကိုလည်း အရှေ့တောင်အာရှသို့စေလွှတ်မည်ဟုဆိုခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ဥရောပအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများကြားမှ အရှေ့တောင်အာရှကိုအာရုံစိုက်နေသေးကြောင်း အာဆီယံခေါင်းဆောင်များအားပြသနိုင်ရန်မျှော်လင့်လျက် ရုရှား၏ယူကရိန်းကျူးကျော်စစ်အကြောင်းကိုလည်း ထည့်သွင်းပြောကြားမည်ဟု ယူဆရသည်။

အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်ရှစ်ဦးတက်‌ရောက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here