PR စနစ်သည် ပါတီများကိုယ်တိုင် မရင်းနှီးသေးသည့်အတွက် မဲဆန္ဒရှင်ပြည်သူများ အတွက် Voter Awareness ပြုလုပ်ပေးရန်လိုအပ်ဟု မန်းအောင်ပြည်စိုး ပြော

0
168

PR စနစ်သည် ပါတီများကိုယ်တိုင် မရင်းနှီးသေးသည့်အတွက် မဲဆန္ဒရှင်ပြည်သူများ အတွက် Voter Awareness ပြုလုပ်ပေးရန်လိုအပ်ဟု မန်းအောင်ပြည်စိုး ပြေ

ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(PR)ဖြစ် ပြုလုပ်မည်ဖြစ်ရာ၊ ယင်း PR စနစ်သည် ပါတီများကိုယ်တိုင်မရင်းနှီးသေးသည့် စနစ်ဖြစ်နေခြင်းကြောင့် မဲဆန္ဒနယ် ပြည်သူများအတွက် မဲပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းပေးသင့်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

“PR စနစ်နဲ့ရွေးကောက်ပွဲ မဖြစ်မနေလုပ်ဖို့ ဖြစ်လာပြီပေါ့လေ။ ဆုံးဖြတ်ချက်ချ လိုက်ပြီဆိုတဲ့သဘောပေါ့။ အဲ့ဒီတော့ PR စနစ်ကို ကျွန်တော်တို့ ပါတီတွေအနေနဲ့ တောင် သိပ်မရှင်းသေးဘူး။ မရှင်းသေးဘူးဆိုတော့ မဲဆန္ဒရှင်များအတွက် အသိပညာပေးသင်တန်းတွေလုပ်ပေးဖို့အတွက် ဆွေးနွေးခဲ့တာပေါ့။” ဟု ဆိုသည်။

ယင်းနှင့် ပတ်သက်၍ ယမန်နေ့ မေ ၁၂ ရက်က နေပြည်တော် အမျိုးသားစည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟို အစည်းအဝေးခန်းမတွင် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်တီနှင့် ၎င်းတို့ ပါတီတွေ့ဆုံ ဆွေးနွေးကြကြောင်း သိရသည်။

ယင်းအပြင် ယခင်က ကရင်ပြည်နယ်အတွင်း ကော့ကရိတ်၊ ဖာပွန်၊ ဘားအံနှင့် မြဝတီ လေးခရိုင်ရှိရာမှ ယခုအခါ ကြာအင်းဆိပ်ကြီးနှင့် သံတောင်ကြီး ခရိုင်နှစ်ခု ထပ်မံ တိုးချဲ့လိုက်သည့်အတွက် ရွေးကောက်အတွက်မဲဆန္ဒနယ်မြေ သတ်မှတ်မှုအပေါ် ပါတီများအား အမြန်ဆုံးအကြောင်း ကြားပေးရန်ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

“ အခု ခရိုင်တွေ ထပ်တိုးချဲ့လာတယ်။ ခရိုင်တွေ ထပ်တိုးချဲ့လာတဲ့ အပေါ်မှာ ကျွန်တော်တို့က နည်းနည်းလေး ဇဝေဇဝါဖြစ်နေတယ်။ အမျိုးသားလွှတ်တော်အတွက် ဆိုရင် ခြောက်ခရိုင်ရှိလာတော့ကာ တစ်ခရိုင်ကို နှစ်ယောက်နှုန်းနဲ့ (၁၂) ယောက်ဖြစ်လာလို့ရှိရင် ဘားအံခရိုင်ထဲမှာ ဆိုရင် ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်တွေက အကြီးဆုံး မြို့နယ်တွေဖြစ်တော့ နှစ်ဦးနှုန်းနဲ့ အခြားခရိုင်များနည်းတူ သတ်မှတ်မယ်ဆိုရင်တော့ နစ်နာနိုင်တဲ့ အကြောင်း ပြန်စဉ်းစားဖို့ လိုတယ်မယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။

ထို့အပြင်ခရိုင်များအလိုက် လွတ်တော်ကိုယ်စားလှယ်သတ်မှတ်မှုအတွက် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီအား အမြန်ဆုံးအကြောင်း ကြားပေးရန်လိုအပ်ကြောင်းနှင့် ယင်းမှသာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်မည့်အပေါ်ဆုံးဖြတ်ချက် ချမှတ်နီုင်မည်ဟုဆိုသည်။

“ ကျွန်တော်တို့ ပါတီအနေနဲ့ ဝင်ပြိုင်ဖို့ စဉ်းစားထားပါတယ်။ ဆုံးဖြတ်ထားတာတော့ မရှိသေးဘူး။ ခရိုင်အလိုက် ကိုယ်စားလှယ်ကို ဘယ်လိုသတ်မှတ်မလဲဆိုတာကို UEC အနေနဲ့ ကျွန်တော်တို့ကို အမြန်ဆုံး ကျွန်တော်တို့ကို အသိပေးဖို့ လိုတယ်။ မဲဆန္ဒနယ်ကို ဘယ်လို သတ်မှတ်မလဲဆိုတာကိုလည်း မေးထားတယ်။” ဟု ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here