၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၂ ခု၊ငွေတံဆိပ် ၁ ခုနှင့်ကြေးတံဆိပ် ၄ ခုရရှိထား

0
341

၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၂ ခု၊ငွေတံဆိပ် ၁ ခုနှင့်ကြေးတံဆိပ် ၄ ခုရရှိထား

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာအားကစားအဖွဲ့မှ မေ ၁၃ ရက်အထိယှဥ်ပြိုင်ထားပြီးချိန်၌ ရရှိထားခြင်းဖြစ်သည်။

မြန်မာအားကစားအဖွဲ့အတွက် ဆုတံဆိပ်များအား ပီတန်းအားကစားနည်း၊လှေလှော်အားကစားနည်း၊ Kurash အားကစားနည်းနှင့်ကာယဗလအားကစားနည်းတို့မှ ဆုတံဆိပ်များရရှိထားခြင်းဖြစ်သည်။

ရွှေတံဆိပ်ဆု ၂ ဆုအား ပီးတန်းအားကစားမယ်မခင်ချယ်ရီသက်မှ Women’s Shotting ပြိုင်ပွဲဗိုလ်လုပွဲတွင် လာအိုအားကစားမယ်အားအနိုင်ရရှိခဲ့ကာ Kurash အားကစားမယ်မအေးအေးအောင်မှ +87 ကီလိုတန်း ဗိုလ်လုပွဲ၌ ဖီလစ်ပိုင်အားကစားမယ်အား အနိုင်ရရှိပြီးထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် Kurash အားကစားမယ်မဖြိုးရွှေစင်ကျော်မှလည်း -70 ကီလိုတန်း၏ ဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်နမ်အားကစားမယ်နှင့်ယှဥ်ပြိုင်ကစားပြီးနောက် ငွေတံဆိပ်ဆုအား ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ မြန်မာအားကစားအဖွဲ့အတွက် ကြေးတံဆိပ်များအား Kurash အားကစားနည်းမှ ၂ ခု၊အမျိုးသမီးနှစ်ယောက်တွဲလှေလှော်ပြိုင်ပွဲမှ ၁ ခုနှင့်ကာယဗလအားကစားပြိုင်ပွဲမှ ၁ ခုတို့ဖြင့် အသီးသီးဆွတ်ခူးရရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here