မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌ပူးပေါင်းဆောင်ရွက်မှုတို့အားဆွေးနွေး

0
88

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌ပူးပေါင်းဆောင်ရွက်မှုတို့အားဆွေးနွေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် မြန် မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် တို့တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ တရုတ်နိုင်ငံသံအမတ်ကြီးအား မေ ၁၃ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍနှင့်စွမ်း အင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများ၊ရေအားလျှပ်စစ်စီမံကိန်းတို့အား ဆွေးနွေးခဲ့ကြသည်။

အလားတူ သဘာဝဓာတ်ငွေ့နှင့်အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၌ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုတို့ကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာ န ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျ၊စွမ်းအင်ဝန် ကြီးဌာန ဒု-ဝန်ကြီးဦးသန့်စင်နှင့်တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here