ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်ရန်ကြိုးစား နေစဉ်မှာပင် သေဆုံးသူ ၂၁ ဦးထိရှိလာကြောင်း မြောက်ကိုရီးယားအတည်ပြု

0
184

ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်ရန်ကြိုးစား နေစဉ်မှာပင် သေဆုံးသူ ၂၁ ဦးထိရှိလာကြောင်း မြောက်ကိုရီးယားအတည်ပြု

မြောက်ကိုရီးယားနိုင်ငံတွင်း COVID 19 ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသော ပြည်သူများအကြားရောဂါကူးစက်ပြန့်ပွားမှုနှေးကွေးစေရန်ကြိုးပမ်းနေချိန်အတွင်း ၂၁ ဦးထပ်မံသေဆုံးခဲ့ပြီး လူပေါင်း ၁၇၄,၄၄၀ ထက်မနည်းအဖျားရောဂါလက္ခဏာများဖြစ်ပေါ်နေကြကြောင်း စနေနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သောကြာနေ့မှစတင်ခဲ့သော သေဆုံးမှုနှင့်ကူးစက်မှုအသစ်များသည် ၂၇ ဦးသေဆုံးပြီး ၅၂၄,၄၄၀ ဦးဖျားနာသူများဖြင့်ဧပြီ​ ​နှောင်းပိုင်း မှစကာ တစ်ဟုန်ထိုးကူးစက်လာခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ ထုတ်ပြန် ကြေညာချက်တွင် လူဦးရေ ၂၄၃,၆၃၀ ဦးခန့် ပြန်လည်ကောင်းမွန်လာခဲ့ပြီး အခြား ၂၈၀,၈၁၀ ဦးသည် ကွာရန်တင်းစင်တာများတွင်ကျန်နေသေးသည်ဟု ကြေညာထားသည်။

နိုင်ငံပိုင်မီဒီယာများတွင်တော့ ဖျားနာမှုမည်မျှနှင့်သေဆုံးမှုမည်မျှရှိသည်ကို အတိအကျဖော်ပြခြင်းမရှိခဲ့ပေ။
မြောက်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါကာလအတွင်း ပထမဆုံးအကြိမ်အနေဖြင့် COVID 19 ရောဂါစတင်ဖြစ်ပွားမှုကိုကြေညာသည့် မေလ ၁၂ ရက်တွင် တင်းကြပ်သော လော့ခ်ဒေါင်းစည်းမျဉ်းများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ချမှတ်ခဲ့သည်။

စနေနေ့ကကျင်းပပြုလုပ်ခဲ့သော ကပ်ရောဂါတိုက်ဖျက်ရေး အစည်းအဝေးတွင် မြောက်ကိုရီးယား၏ခေါင်းဆောင် ကင်မ်ဂျုံအမ်းက ယခုကဲ့သို့ဖြစ်ပွားခြင်းသည်ကြီးမားသောအနှောင့်အယှက်ဖြစ်သည်ဟုဆိုခဲ့သည်။

ကပ်ရောဂါကိုမြန်နိုင်သမျှမြန်မြန်ထိန်းချုပ်နိုင်ရန်အတွက်အစိုးရနှင့်အတူပြည်သူများပါဝင်ပူးပေါင်းကာညီညွတ်ကြဖို့ရန်လည်း၎င်းကတောင်းးဆိုခဲ့သည်။

ကျွမ်းကျင်သူများကမူ တိုင်းပြည်၏အားနည်းသောကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် လူပေါင်း ၂၆ သန်းက ကာကွယ်ဆေးထိုးနှံထားမှုမရှိခြင်းတို့​ကြောင့် ယခုကဲ့သို့ ကပ်ရောဂါကိုအချိန်မှီမထိန်းချုပ်နိုင်ခြင်းသည် မြောက်ကိုရီးယားတွင်ဆိုးရွားသော‌‌ နောက်ဆက်တွဲရလာဒ်ကို ဖြစ်ပေါ်စေနိုင်သည်ဟုဆိုကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here