ကျောင်းအပ်နှံရာတွင် အခကြေးငွေလုံးဝကောက်ခံခြင်းမရှိကြောင်းနှင့် အခမဲ့ထောက်ပံ့မှုများပေးသွားမည်

0
178

ကျောင်းအပ်နှံရာတွင် အခကြေးငွေလုံးဝကောက်ခံခြင်းမရှိကြောင်းနှင့် အခမဲ့ထောက်ပံ့မှုများပေးသွားမည်

ပညာရေးဝန်ကြီးဌာန အနေဖြင့် လာမည့်ကျောင်းရာသီ၌ ကျောင်းအပ်နှံရာတွင် လိုအပ်မည့်အရာများဖြစ်သည့် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေးငွေမျှ လုံးဝကောက်ခံသွားမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

အတန်းလိုက် အခမဲ့ထောက်ပံ့မှုများမှာ သူငယ်တန်း (KG) သင်ရိုးသစ် မှ ဧကာဒသမတန်း (Grade 11) သင်ရိုးသစ် အထိ ကျောင်းဝတ်စုံ (၁)စုံစီအပါအဝင် ကျောင်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ စသည့်အရာများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် မေလ ၂၆ ရက်မှစ၍ ဇွန်လ ၁ရက်အထိ ကျောင်းများအပ်နှံလို့ရနေပြီဖြစ်ပြီး ဇွန်လ ၂ရက်နေ့တွင် တိုင်းနှင့်ပြည်နယ် အသီးသီး၌ စာသင်ကျောင်းများအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here