မြို့နယ် ၃ ခု၌ ယနေ့ နံနက် ၁၀ နာရီမှမွန်းလွဲ ၂ နာရီအထိ လျှပ်စစ်ဓာတ်အားယာယီပြတ်မည်ဟု YESC အသိပေး

0
191

မြို့နယ် ၃ ခု၌ ယနေ့ နံနက် ၁၀ နာရီမှမွန်းလွဲ ၂ နာရီအထိ လျှပ်စစ်ဓာတ်အားယာယီပြတ်မည်ဟု YESC အသိပေး

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်၊မြောက်ဥက္ကလာပမြို့နယ်နှင့်ရွှေပေါက်ကံမြို့နယ်တို့၏ နေရာအချို့တွင် မေ ၁၅ ရက်(ယနေ့)နံနက် ၁၀ နာရီမှမွန်းလွဲ ၂ နာရီအထိ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဟု YESC မှအသိပေးခဲ့သည်။

ရန်ကုန်(အရှေ့ပိုင်းခရိုင်)၊မြောက်ဥက္ကလာပမြို့ နယ်ရှိ(33/11)kV ,15MVA (ဝေဘာဂီ)ဓာတ်အားခွဲရုံအား(66/33)kV မော်ကျွန်းဓာတ်အားခွဲရုံမှဓာတ် အားရယူနိုင်ရန် 33kV လှော်ကား-Ab (Auto Recloser)၊ 33kV MIP ဓာတ်အားခွဲရုံ၏ 33kV ရွှေပေါက်ကံဖီဒါနှင့် (66/33)kV မော်ကျွန်းဓာတ်အားခွဲရုံ၏ 33kV ကုန်းဘောင်ခွဲရုံဖီဒါ၊ 11kV အောင်မ င်္ဂလာအဝေးပြေးဖီဒါတို့အား လျှပ်စစ်ဓာတ်အားယာယီပိတ်၍လုပ်ငန်းများဆောင်ရွက်သွားမည်ဟု အသိပေးခဲ့သည်။

အဆိုပါ လုပ်ငန်းများအား နံနက် ၁၀ နာရီမှမွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်သွားမည်ဟု YESC မှအသိပေးထုတ်ပြန်ခဲ့သည်။

လုပ်ငန်းများဆောင်ရွက်နေချိန်အတွင်း၌ အရေး ကြီးနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဟု YESC မှအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here