အလုပ်ကမ်းလှမ်းစာ ၆၃ ခုစာရင်းအား တိုကျိုမြို့ရှိ မြန်မာသံရုံးထုတ်ပြန်

0
301

အလုပ်ကမ်းလှမ်းစာ ၆၃ ခုစာရင်းအား တိုကျိုမြို့ရှိ မြန်မာသံရုံးထုတ်ပြန်

ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဧပြီ ၂၉ ရက်မှ မေ ၁၃ ရက်အတွင်း စီစစ်ပြီးသည့် အလုပ်ကမ်းလှမ်းစာ ၆၃ စောင်အား ထုတ်ပြန်ခဲ့ပြီး ကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ပေးပို့ပြန်ကြားခဲ့သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၆၃ စောင်တွင် အ မျိုးသား ၉၄ ဦးနှင့်အမျိုးသမီး ၉၅ ဦး(စုစုပေါင်း ၁၈၉ ဦး)ရှိကြောင်း သိရသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးမှ မြန်မာနိုင်ငံအလုပ်သ မားဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့သည့် အလုပ်ကမ်းလှမ်းစာ(Demand Letter)များအား အချိန်နှင့်တစ်ပြေးညီစီစစ်ပေးလျက်ရှိသည်။

စီစစ်ရာ၌ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့်အလုပ်ခေါ်သည့် စက်ရုံ၊ကုမ္ပဏီများ သည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်းရှိ၊မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအား စိစစ်၍တွေ့ရှိချက်များသဘောထားမှတ်ချက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိသည်။

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here