အမေရိကန် – အာဆီယံ ကမြန်မာ့အရေးအတွက် အ​ဖြေရှာရန် နှစ်ဆတိုးကြိုးစားမည်

0
210

အမေရိကန် – အာဆီယံ ကမြန်မာ့အရေးအတွက် အ​ဖြေရှာရန် နှစ်ဆတိုးကြိုးစားမည်

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြန်မာ့အရေးငြိမ်းချမ်းစွာအဖြေရှာနည်းအတွက် စုပေါင်းကြိုးပမ်းမှုကို နှစ်ဆတိုးလုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါကတိကဝတ်ကို ၂၀၂၂ ခုနှစ်မေလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင်ကျင်းပသည့် အာဆီယံ – အမေရိကန်ထိပ်သီးအစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာဖြစ်ပွားနေသော အကျပ်အတည်းအတွက် ၎င်းတို့အနေဖြင့်အလွန်စိုးရိမ်ပူပန်မိကြောင်းနှင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ကကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင် ချမှတ်ခဲ့သော ဘုံ သဘောတူညီမှုငါးရပ်ကိုအချိန်နှင့်တစ်ပြေးညီ ပြီးပြည့်စုံအောင်အကောင်အထည်ဖော်ရန် တိုက်တွန်းပါသည်” ဟူသော ပူးတွဲကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။

အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ​လုပ်​ဆောင်​နေ​သောလုပ်ငန်းများအပါအဝင် မြန်မာနိုင်ငံသူ၊သားများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသောနည်းလမ်းဖြင့်အဖြေရှာရေး အဆင်ပြေချောမွေ့စေရန် အာဆီယံ၏ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိပြည်သူများကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ခွဲခြားခြင်းမရှိပဲ အလိုအပ်ဆုံးနေရာများသို့အမြန်ဆုံးထောက်ပံ့နိုင်စေရန်လည်း အားပေးကူညီသွားမည်ဟု ဆိုခဲ့သည်။

ထို့ပြင် “ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရရှိနိုင်ရေးအတွက်၎င်းတို့၏ကတိကဝတ်ကိုထပ်လောင်းပြောကြားလိုပါကြောင်းနှင့် မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုများချက်ချင်းရပ်တန့်ဖို့ရန်၊နိုင်ငံခြားသားများအပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးဖို့ရန်လည်းဆက်လက်တောင်းဆိုပါသည်” ဟုပြောကြားခဲ့သည်။

အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တို့အတူပူး​ပေါင်းညှိနှိုင်းဆောင်ရွက်မှုကိုထောက်ခံပြီး ယခုကဲ့သို့အရေးကြီးသောကြိုးပမ်းမှုတွင်စည်းလုံးညီညွတ်မှုရှိကြဖို့လည်းထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here