ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကုစားနိုင်ရေး စည်းဝေး၊ချင်းပြည်နယ်အစိုးရဘက်က တင်ပြလာသည့် တောင်သူများအတွက် ချေးငွေထုတ်ပေးရေးကိုပါတိုင်ပင်

0
196

ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကုစားနိုင်ရေး စည်းဝေး၊ချင်းပြည်နယ်အစိုးရဘက်က တင်ပြလာသည့် တောင်သူများအတွက် ချေးငွေထုတ်ပေးရေးကိုပါတိုင်ပင်

ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်လာသည့် စီးပွားရေးသက်ရောက်မှုအပေါ်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကို ယခုရက်ထဲ လုပ်ငန်းကော်မတီဥက္ကဌပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးဦးစီးသည့်အဖွဲ့က ပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များအား ဆွေးနွေးခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသတင်းအရသိရသည်။

အဆိုပါအစည်းအဝေးအတွင်း “ဝ”ဥစိုက်ပျိုးထုတ်လုပ်သူများအတွက် ချေးငွေထုတ်ပေးရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ပြီး ချေးငွေထုတ်ပေးမည့်အစီအစဉ်များ မကြာမီရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။

“ဝ”ဥစိုက်ပျိုးထုတ်လုပ်သူများအတွက် ချေးငွေထုတ်ပေးရေးကိစ္စကို ချင်းပြည်နယ်အစိုးရအဖွဲ့က တင်ပြလာခဲ့ခြင်းဖြစ်ပြီး အဆိုပါ စိုက်ပျိုးထုတ်လုပ်သူများသည် ကိုဗစ်ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများထဲ ပါဝင်ခဲ့သည်ဟုသိရသည်။

ယင်းအစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံတော်ဗဟိုဘဏ် စသည်တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး ချေးငွေရယူခဲ့သူများမှပြန်ဆပ်နေမှုအခြေအနေစသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုသိရှိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here