ခရမ်းမြို့နယ်တွင် အမျိုးသားတစ်ဦးနေအိမ်အတွင်းရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
161

ခရမ်းမြို့နယ်တွင် အမျိုးသားတစ်ဦးနေအိမ်အ တွင်းရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ဂွေးပင်ချောင်းကျေး ရွာတွင် နေအိမ်အတွင်းရှိနေသည့် ဦးအောင်ကျော်မြင့်ဦး(ခ)ကုလား(၄၀)နှစ်ခန့်သည် မေ ၁၆ ရက် (ယနေ့)နံနက် ၁၁ နာရီခွဲကျော်ခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

နေအိမ်အတွင်းရှိနေသည့် ဦးအောင်ကျော်မြင့်ဦး(ခ)ကုလားအား ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးမှ နေအိမ်အတွင်းသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“အိမ်ထဲထိဝင်ပစ်သွားတာ ပြီးတော့ဆိုင်ကယ်ကိုအမြန်မောင်းထွက်သွားကြတယ် သေနတ်သံ ၆ ချက်လောက်ကြားလိုက်တယ် လူနာတင်ကားနဲ့ဆေးရုံကိုတင်သွားတာတွေ့လိုက်ရပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဦးအောင်ကျော်မြင့်ဦး(ခ)ကုလားသည် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ခရမ်းမြို့နယ်ပြည်သူ့ဆေးရုံရှိရင်ခွဲရုံသို့ပို့ဆောင်ခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ပစ်ခံရတဲ့နေရာနားကနေ ပစ္စတိုကျည်ခွံတွေတွေ့တယ်လို့ စစ်သားတွေပြောနေတာကိုကြားခဲ့ရပါတယ် စစ်သားတွေ ရဲတွေကတော့ ရွာထဲမှာစစ် ဆေးတာတွေလုပ်တယ်”ဟုဒေသခံတစ်ဦးကပြော သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here