တရုတ်-မြန်မာကုန်သွယ်မှု အဆက်မပြတ်ပြန်လည်တိုးတက်လာဟု တရုတ်သံရုံးထုတ်ပြန်

0
123

တရုတ်-မြန်မာကုန်သွယ်မှု အဆက်မပြတ်ပြန်လည်တိုးတက်လာဟု တရုတ်သံရုံးထုတ်ပြန်

ရွှေလီမြို့ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ ကုန်ပစ္စည်းများ ပြန်လည်ဖြတ်သန်းလာနိုင်ကတည်းက နယ်စပ်ဂိတ်ကို ပုံမှန်လည်ပတ်နိုင်ခဲ့ပြီး ကုန်သွယ်ရေးပမာဏ အဆက်မပြတ်ပြန်လည်တိုးတက်လာခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကယနေ့မေ၁၆တွင် ဖော်ပြသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလနှင့် ၂၀၁၉ ခုနှစ်ကပ်ရောဂါမဖြစ်ပွားမီကာလတူနှင့်နှိုင်းယှဉ်ပါက နေ့စဉ်ပျမ်းမျှပို့ကုန်သွင်းကုန် ကုန်ပို့ဆောင်မှုပမာဏသည် ၄၂% အထိပြန်လည်ဖော်ဆောင်နိုင်ခဲ့ပြီး နေ့စဉ်ပျမ်းမျှကုန်သွယ်မှုပမာဏသည် ၂၅၆% တိုးတက်လာသဖြင့် ကပ်ရောဂါမတိုင်မီ၏ ၃.၅ ဆဖြစ်သည်ဟုဖော်ပြခဲ့ခြင်းဖြစ်သည်။

မံမန်လမ်းကြောင်းတွင် စမတ်နယ်စပ်ဂိတ်စီမံအုပ်ချုပ်မှုစနစ်ဖော်ဆောင်ပြီး ကွန်တိန်နာနယ်စပ်ဂိတ်ဖြတ်သန်းရာတွင် ခွဲခြားသိရှိနိုင်သောစနစ်တပ်ဆင်ကာ နိုင်ငံတကာကုန်စည်စီးဆင်းမှုအချက်အလက်ပလက်ဖောင်း စတင်အသုံးပြုခဲ့သည်။

နယ်စပ်ဂိတ်များတစ်ပြေးညီဖြစ်သည့် “One Stop services နှင့် ကောင်တာတစ်ခုတွင်ငွေကောက်ခံမှု” စီမံအုပ်ချုပ်ရေးပလက်ဖောင်းတည်ဆောက်ပြီး စရိတ်ကောက်ခံမှုစံနှုန်းနှင့် လုပ်ငန်းလုပ်ဆောင်သည့်အဆင့်များလျှော့ချကာ နယ်စပ်ဂိတ် ဝန်ဆောင်မှုအရည်အသွေးအား မြှင့်တင်လိုက်သည်။ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပေါင်းစပ်၍ အဆိုပါလမ်းကြောင်းကို ယခင်က ပို့ကုန်သွင်းကုန်ပစ္စည်းများ “တန်ဖိုးနည်းနည်းပမာဏများများ” မှ “တန်ဖိုးမြင့်မြင့်ပမာဏနည်းနည်း” အဖြစ်ပြောင်းလဲကာ ပို့ကုန်သွင်းကုန်ပစ္စည်းပမာဏလျှော့ချသည့်အခြေအနေတွင် ကုန်သွယ်ရေးပမာဏတိုးတက်မှုကိုဖော်ဆောင်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကယနေ့မေ၁၆တွင် ဖော်ပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here