သန်လျင်မြို့ ၊ အမှုထမ်းရပ်ကွက်၊ သစ်တောလမ်းနှင့်ဖွံ့ဖြိုးရေးလမ်းဆုံ နေရာတွင် မီတာစာရွက်များ လိုက်လံကောက်ခံနေသူတစ်ဦး ပစ်သတ်ခံရ

0
263

သန်လျင်မြို့ ၊ အမှုထမ်းရပ်ကွက်၊ သစ်တောလမ်းနှင့်ဖွံ့ဖြိုးရေးလမ်းဆုံ နေရာတွင် မီတာစာရွက်များ လိုက်လံကောက်ခံနေသူတစ်ဦး ပစ်သတ်ခံရ

သန်လျှင်မြို့နယ်အတွင်း ယနေ့ မေလ ၁၆ရက် မွန်းလွဲပိုင်းလောက်က အမှုထမ်းရပ်ကွက်အတွင်း မီတာခလိုက်လံကောက်ခံနေသည့် EPC ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရကြောင်း ကနဦး သတင်းများအရ သိရသည်။

အဆိုပါဖြစ်စဥ်နှင့်ဆက်လျဥ်း၍ သန်လျင်မြို့တွင်တံတားများ ယာယီပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှတဆင့်သိရသည်။

မည်သည့်အဖွဲ့ဆောင်ရွက်သည်အား မသိရှိရသေးပဲ အတက်အဆင်း တံတားများအား ညနေ ၃နာရီခန့်တွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

ဒေသခံပြည်သူများထံမှ ပစ်ခတ်ခံရသူဟာ မြို့နယ် EPC မှ ဒုလက်ထောက် ကြီးကြပ်ရေးမှူး တစ်ဦးဖြစ်ကြောင်းလည်း ကြားသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here