တာဝန်မှကင်းကွာနေသည့် အခြေခံပညာရေးဝန် ထမ်းများ အယူခံတင်သွင်းပါက တာဝန်ပျက် ကွက်ခဲ့သည့် ကာလများအားလစာမဲ့ခွင့်အဖြစ်သတ်မှတ်မည်ဟု နစက ထုတ်ပြန်

0
145

တာဝန်မှကင်းကွာနေသည့် အခြေခံပညာရေးဝန် ထမ်းများ အယူခံတင်သွင်းပါက တာဝန်ပျက် ကွက်ခဲ့သည့် ကာလများအားလစာမဲ့ခွင့်အဖြစ်သတ်မှတ်မည်ဟု နစက ထုတ်ပြန်

တာဝန်မှကင်းကွာနေသည့် အခြေခံပညာရေးဝန် ထမ်းများအား ပြန်လည်ဖိတ်ခေါ်လျက်ရှိခြင်းနှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်၌ရေးသားထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက်၌ နိုင်ငံတော်၏လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိစေရေးအား အ ထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ရေးသားထားသည်။

ထို့ပြင် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးအားရှေးရှု၍ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁ ရက်၊အဆင့်မြင့်ပညာတက္ကသိုလ်၊ကောလိပ်များအား ၂၀၂၂ ခုနှစ်၊မေ ၁၂ ရက်တို့၌ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အလားတူ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အ တွက် အခြေခံပညာကျောင်းများအား ဇွန် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ကြောင့် အခြေခံပညာကျောင်းသား၊ကျောင်း သူများ ပညာသင်ကြားနိုင်ရန် အရည်အသွေးပြည့်ဝပြီး ဆရာ၊တပည့် အချိုးမျှတသည့် သင် ကြားမှုစနစ်ဖြစ်စေရန် အတွေ့အကြုံရှိ ဆရာ၊ဆ ရာမများလိုအပ်သဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခံရမှု၊ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိမှုတို့ကြောင့် တာဝန်မှကင်းကွာခဲ့သည့် ဆရာ၊ဆရာမများ၊ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာဆရာမများ အနေဖြင့် သင်ကြားရေးတာဝန်များ ပြန်လည် ထမ်းဆောင်နိုင်ရန် ၎င်းတို့ ၏ သဘောဆန္ဒအလျောက် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းတည်ရှိရာ မြို့နယ်ပညာရေးမှူးရုံး၊လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးများ၌ သတ်မှတ်ပုံစံများဖြည့်စွက်ကာ အယူခံလွှာအား မေ ၃၁ ရက်မတိုင်မီသတင်းပို့ရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ တာဝန်မှကင်းကွာနေသည့် အခြေခံပညာရေးဝန်ထမ်းများအနက် တာဝန်ထမ်းဆောင်ရန် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေသည့် ဝန်ထမ်းများ၊ဌာနဆိုင်ရာစုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းများနှင့်အယူခံတင်သွင်းသည့် ဝန်ထမ်းများအား တာဝန်ပျက်ကွက်ခဲ့သည့် ကာလများအားလစာမဲ့ခွင့်အဖြစ်သတ်မှတ်၍ တာဝန်ပြန် လည်ထမ်းဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ရေးသားထားသည်။

လစာမဲ့ခွင့်အဖြစ်သတ်မှတ်ရာတွင် ကြီးလေးသည့် ရာဇဝတ်မှုကျူးလွန်ထားသူများ ပါဝင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here