အခြေခံပညာကျောင်းများ ဇွန်(၂)ရက်မှစပြီးဖွင့်လှစ်မည်ဖြစ်ကာ ယခုပညာသင်နှစ်၌ KG+11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမည်

0
119

အခြေခံပညာကျောင်းများ ဇွန်(၂)ရက်မှစပြီးဖွင့်လှစ်မည်ဖြစ်ကာ ယခုပညာသင်နှစ်၌ KG+11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမည်

အခြေခံပညာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံရာတွင် မည်သည့် ငွေကြေးမျှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ၏ မေလ၁၆ရက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မေ ၁၉ ရက်တွင် ကျောင်းအပ်နှံရေး လှုပ်ရှားမှု ဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်ကြရမည်ဖြစ်ပြီးတစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများတွင် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်ကြမည်ဟုသိရသည်။

ကျောင်းသူ၊ကျောင်းသားများအား ကျောင်းအပ်နှံရာတွင် နေထိုင်သည့် မြို့နယ်ဒေသ (Catchment Area) များတွင် ကျောင်းအပ်နှံကြရမည်ဖြစ်သော်လည်း မိမိသွားလာရေး အဆင်ပြေသည့် နေထိုင်ရာဒေသနှင့်နီးစပ်ရာ ကျောင်းများတွင် အပ်နှံနိုင်ရေးအတွက်လည်း အဆင်ပြေအောင် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက် ပေးကြစေလိုကြောင်းလည်း ပညာရေးဝန်ကြီးက မှာကြားသည်။

ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေသွားမည်ဖြစ်ကာ၊ ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည်ဟုသိရသည်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ယခုပညာသင်နှစ်၌ KG+11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမည်ဖြစ်ပြီး၊ ယမန်နှစ်က အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်း သင်ရိုး Grade-6 မတက်ရသေးသူများအတွက် Grade-6 သင်ရိုးဟောင်းကိုလည်းပြန်လည် သင်ကြားပေးမည်ဟုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here