ပိုပိုရဲ့မွေးနေ့အလှူအဖြစ်ပိုပိုရဲ့ We love groupမှအဖွဲ့ဝင်များမှ ဒလဘက်သို့သွားရောက် ကာဘဲဥကုလားဟင်း စတုဒိတာများကျွေးမွေးလှူဒါန်း

0
441

ပိုပိုရဲ့မွေးနေ့အလှူအဖြစ်ပိုပိုရဲ့ We love groupမှအဖွဲ့ဝင်များမှ ဒလဘက်သို့သွားရောက် ကာဘဲဥကုလားဟင်း စတုဒိတာများကျွေးမွေးလှူဒါန်း


ပိုပိုရဲ့ အသက် ၃၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် ပိုပိုရဲ့ we love group မှအဖွဲ့ဝင်များက မေလ ၁၆ ရက်နေ့မှာဒလဘက်တံတားချောင်းရွာသို့သွားရောက်ကာ
ထမင်းနဲ့ဘဲဥကုလားဟင်းများကိုစတုဒိသာအဖြစ်ကျွေးမွေးလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီး အဆိုတော်ပိုပိုရဲ့we love group မှ အဖွဲ့ဝင်က
” ၁၅ရက်နေ့မွေးနေ့အကြိုမှာတော့ ဒလဘက်တံတားချောင်းကျေးရွာ မှာထမင်းနဲ့ ဘဲဥကုလားဟင်း စတုဒီသာကျွေးပြီး ၁၆ရက်နေ့ မွေးနေ့မှာတော့ မပိုပိုကိုယ်စား Admin တို့ က အလှူအတန်းတွေလုပ်ပေးဖြစ်ခဲ့ပါတယ် ” လို့ ပြောပါတယ် ။

အဆိုတော်ပိုပိုအနေနဲ့ သီချင်းများစွာကိုသီဆိုခဲ့သူဖြစ်ပြီး အခုလက်ရှိထွက်ရှိခဲ့တဲ့ “မင်းကိုလွမ်းမိမှာစိုးလို့ “ ဆိုတဲ့ သီချင်းလေးကလည်း
မေလ ၁၆ရက်နေ့မှာ ကျရောက်တဲ့ သူမ မွေးနေ့အတွက် အမှတ်တရအနေနဲ့ သူမရင်ထဲမှာ ပြောချင်နေတဲ့စကားလုံးများကို ခံစားဖွဲ့သီဆိုခဲ့တဲ့သီချင်းလေးလည်းဖြစ်ပါတယ်။

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here