အမေရိကန်တွင် ကိုဗစ်ကြောင့်ကွယ်လွန်သူတစ်သန်း‌ကျော်ရှိပြီ

0
192

အမေရိကန်တွင် ကိုဗစ်ကြောင့်ကွယ်လွန်သူတစ်သန်း‌ကျော်ရှိပြီ

ဝါရှင်တန်ဒီစီ၊မေ ၁၇

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID 19 ရောဂါကူးစက်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်​နေသည်။

မေလ ၁၇ ရက်အင်္ဂါနေ့ကထုတ်ပြန်လိုက်​သော ဂျွန်ဟော့ကင်းစ် တက္ကသိုလ်၏ ထုတ်ပြန်ကြေညာချက်သည် ကပ်ရောဂါကာလအတွင်း ချစ်ခင်သူများကိုဆုံးရှုံးထားရသူများအတွက် သောကအသစ်တစ်ဖန်ပြန်ဖြစ်စေသည်။

ပြီးခဲ့‌သည့်အပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က “ဝမ်းနည်းစရာကောင်းတဲ့ အုတ်ဂူတွေဟာ လူပေါင်းတစ်သန်းကျော်မိသားစုထမင်းဝိုင်းမှာ မရှိကြတော့ဘူးလို့ဆိုလိုပါတယ်။ဒီကပ်ဘေးကြီးက မပြီးသေးပါဘူး”ဟုပြောကာ ၎င်း၏အမေရိကန် နိုင်ငံသူ၊သားများအား ရောဂါကူးစက်ပြန့်ပွားမှုနှင့် ကြိုတင်ကာကွယ်မှုတွေမှာဆက်လက်ပါဝင်ပြီး မပေါ့ဆဖို့သတိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here