ရန်ကုန် ကမာရွတ်မြို့နယ်တွင် အက်တက်စီဆေး ပြားများနှင့်အမေရိကန်ဒေါ်လာ၊ထိုင်းဘတ်ငွေများ ဖမ်းဆီးရမိ

0
188

ရန်ကုန် ကမာရွတ်မြို့နယ်တွင် အက်တက်စီဆေး ပြားများနှင့်အမေရိကန်ဒေါ်လာ၊ထိုင်းဘတ်ငွေများ ဖမ်းဆီးရမိ

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊အမှတ် ၇ ရပ်ကွက်၊နာနတ်တောလမ်းတွင် မေ ၁၄ ရက်နေ့လည် ၃ နာ ရီခွဲကျော်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည့် ပူးပေါင်းအဖွဲ့ဝင်များက သတင်းအရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

နာနတ်တောလမ်းတွင် မင်းကိုကို(၃၄)နှစ်၊ကျော်လင်းထက်(ခ)ကရင်လေး(၂၇)နှစ်၊စိုင်းရဲထက်(ခ) သားသား(၂၄)နှစ်၊ရဲမာန်အောင်(ခ)ရဲမာန်(၂၃)နှစ်၊မင်းသန့်ထူး(ခ)ပန်ဒါ(၂၄)နှစ်နှင့်ပိုင်သက်ကျော် (ခ)ပိုင်ကြီး(၂၄)နှစ် တို့အား Mark II ကား ၂ စီးနှင့်အတူတွေ့ရှိရသဖြင့် စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ မင်းကိုကိုနှင့်ကျော်လင်းထက် (ခ)ကရင်လေး တို့မောင်းနှင်လာသည့် ကားပေါ်မှ အက်တက်စီဆေးပြား ၃၆၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁၁၄၀)အား ဖမ်း ဆီးရမိခဲ့သည်။

အလားတူ စိုင်းရဲထက်(ခ)သားသား၊ရဲမာန်အောင် (ခ)ရဲမာန်၊မင်းသန့်ထူး(ခ)ပန်ဒါနှင့်ပိုင်သက်ကျော် (ခ)ပိုင်ကြီး တို့ထံမှ အမေရိကန်ဒေါ်လာ ၁၀၄ ဒေါ် လာ၊ထိုင်းဘက်ငွေ ၂၁၀ ဘတ်တို့အားထပ်မံဖမ်း ဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူများအားစစ်ဆေးရာ ဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဒေါ်မေသန်းစိုး(ခ)စိုးစိုး(၄၅)နှစ်အား စမ်းချောင်းမြို့နယ်၊မုန့်လက်ဆောင်းကုန်း(မြောက်)ရပ်ကွက်၊ရန်ကြီးအောင်လမ်းရှိ နေအိမ်၌ ယင်းနေ့ည ၈ နာရီတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှဖမ်းဆီးရမိသူများအား ဗဟန်းမြို့မရဲစ ခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here