ယခုနှစ် ဧပြီလအတွင်း ယာဥ်မတော်တဆမှုများကြောင့် ၄၃ ဦးသေဆုံးခဲ့

0
129

ယခုနှစ် ဧပြီလအတွင်း ယာဥ်မတော်တဆမှုများကြောင့် ၄၃ ဦးသေဆုံးခဲ့

ရန်ကုန်တိုင်းအတွင်း ယာဥ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုများကြောင့် သေဆုံးမှုများနှင့်ဒဏ်ရာရရှိမှုများရှိသည်ဟု ရန်ကုန်တိုင်း ယာဥ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ယခုနှစ် ဧပြီလအတွင်း၌ပင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ ယာဉ်မတော်တဆမှုပေါင်း ၈၆ မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၉၆ ဦးရှိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဖောက်ဖျက်၍ သေဆုံးသူများနှင့်ထိခိုက်ဒဏ်ရာရရှိသူများ မရှိစေရန် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအား လိုက်နာကြရန် ရန်ကုန်တိုင်း ယာဥ်ထိန်းရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here