စက်သုံးဆီစျေး မြင့်တက်၊အချို့ဆိုင်များတွင် အကန့်အသတ်ဖြင့်ရောင်းချပေးမှုများရှိနေ

0
160

စက်သုံးဆီစျေး မြင့်တက်၊အချို့ဆိုင်များတွင် အကန့်အသတ်ဖြင့်ရောင်းချပေးမှုများရှိနေ

ရန်ကုန်မြို့အတွင်း၌ ယခုရက်ပိုင်းအတွင်း စက်သုံးဆီစျေး ပြန်လည်မြင့်တက်လာပြီး၊အချို့ဆိုင်များတွင် အကန့်အသတ်ဖြင့်ရောင်းချပေးမှုများရှိနေကြောင်း သိရသည်။

စက်သုံးဆီလက်လီရောင်းချရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စျေးနှုန်းကွာဟမှု အနည်းငယ်ရှိနေပြီး ရန်ကုန် မြို့တွင် ယနေ့ မေလ ၁၈ ရက်နေ့ စက်သုံးဆီလက်လီစျေးနှုန်းများမှာ Octane 92 တစ်လီတာလျှင် ၂၁၈၀ ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၂၃၅ ကျပ် ၊ P Diesel တစ်လီတာလျှင် ၂၂၂၅ကျပ် နှင့် Diesel တစ်လီတာလျှင် ၂၂၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိသည်။

ထို့အပြင် ရန်ကုန် မြို့နှင့်အနီးဆုံး ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် Octane 92 တစ်လီတာလျှင် ၂၁၈၅ ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၂၄၅ ကျပ်၊ P Diesel တစ်လီတာလျှင် ၂၂၄၀ ကျပ် နှင့် Diesel တစ်လီတာလျှင် ၂၂၁၀ ကျပ် အထိ ရောင်းချလျှက်ရှိသည်။

” ကျွန်မတို့ဒီနေ့ မီးစက် မောင်းဖို့ ဆီငါးသောင်းဖိုးသွားဝယ်တာ နှစ်သောင်း ဖိုးပဲရောင်းပေးတယ်။ ဒီရက်ပိုင်း မီးပျက်မှုတွေရှိနေတော့ အလုပ်အတွက် စက်သုံးဆီက မဖြစ်မနေဝယ်ရတယ်။ အရင်ရက်က ဝယ်ချင်သလောက်ရပေမယ့် ဒီနေ့ကျတော့ ဝယ်ချင်သလောက်မရပြန်ဘူး ” ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယမန်နေ့က Octan 92 တစ်လီတာလျှင် ၂၀၉၀ ကျပ်၊Octane 95 တစ်လီတာလျှင် ၂၁၅၀ ကျပ်ရောင်းချနေရာမှ ယနေ့တွင် တစ်လီတာလျှင် ကျပ်၉၀ ခန့်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

စက်သုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ပြီးခဲ့သော ရက်းပိုင်အတွင်းက စက်သုံးဆီရောင်းချရာတွင် ရက်အလိုက်စျေးနှုန်းများသတ်မှတ်ပေးလိက်ရှိပြီး၊ ယင်းအပေါ် ကျေနပ်မှုမရှိပါက သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here