သပြေဝဆိုလာဓာတ်အားပေးစက်ရုံအနီးရှိ မြေ လွတ်မြေရိုင်းများတွင် ဆိုလာစီမံကိန်းအသစ်များ ထပ်မံအကောင်အထည်ဖော်သွားမည်

0
306

သပြေဝဆိုလာဓာတ်အားပေးစက်ရုံအနီးရှိ မြေ လွတ်မြေရိုင်းများတွင် ဆိုလာစီမံကိန်းအသစ်များ ထပ်မံအကောင်အထည်ဖော်သွားမည်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ မန္တ လေးတိုင်း၊သာစည်မြို့နယ်ရှိ သပြေဝနေရောင် ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံတို့အား မေ ၁၅ ရက်က ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် နေရောင်ခြည်စွမ်းအင်အရင်းအ မြစ်များပေါကြွယ်ဝသည့်နိုင်ငံဖြစ်၍ နေရာင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအား အ ကောင်အထည်ဖော်တည်ဆောက်သွားရမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

“သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံမှာ ဆိုလာ Tracking System တပ်ထားတာကြောင့် လျှပ်စစ်ဓာတ်အားကိုပိုပြီးထုတ်လုပ်နိုင်တာကိုတွေ့ရပါတယ် ဒါ့ကြောင့် နောင်ပြုလုပ်မယ့် ဆိုလာစီမံကိန်းတွေမှာလည်း ဆိုလာ Tracking System နည်းပညာကို အသုံးပြုသွားဖို့လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

ထို့ပြင် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ် ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် သပြေဝဆိုလာဓာတ်အားပေးစက်ရုံအနီးရှိ မြေလွတ်မြေရိုင်းများပေါ်၌ ဆိုလာစီမံကိန်းသစ်များအား ထပ်မံအကောင်အထည်ဖော်ရန် စီမံကိန်းလုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

“ဓာတ်အားပေးစက်ရုံက ပို့လွှတ်တဲ့ဓာတ်အားတွေ မပြတ်တောက်စေဖို့နဲ့ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတွေကို အလေးထားဆောင် ရွက်သွားရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးမှမှာ ကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည် စွမ်းအင်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး နိုင်ငံ တော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့် ဖြူးပေးနေမှုနှင့်စက်ရုံဧရိယာအတွင်း Solar Panal များ တပ်ဆင်ထားမှုတို့အား ကြည့်ရှု့ခဲ့သည်။

သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်း၊သာစည်မြို့နယ်၊သ ပြေဝကျေးရွာအနီးရှိ ၁၃၃ ဒသမ ၄၄ ဧကပေါ်တွင်တည်ဆောက်ထားကာ စက်တပ်ဆင်အင်အား ၃၀ မဂ္ဂါဝပ်ဖြစ်ပြီး အမြင့်ဆုံးလျှပ်စစ်စွမ်းအားနှုန်း ၄၅၅ ဝပ် ရှိကာ Bifacial Monocrystalline Silicon Module ၈၃၇၅၂ ခု ၊ Single Axis Solar Tracker ၉၆၆ စုံတပ်ဆင်ထားသည့် မြန်မာနိုင်ငံ၌ ဒုတိယမြောက် အကောင်အ ထည်ဖော်တည်ဆောက်ပြီး စီးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံဖြစ်သည်။

ယင်း ဓာတ်အားပေးစက်ရုံမှ တစ်ရက်လျှင် လျှပ် စစ်ဓာတ်အားကီလိုဝပ်နာရီ ၂ သိန်းကျော်ခန့် ထုတ်လုပ်ကာ တစ်နှစ်လျှင်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၆၆ သန်း ထုတ် လုပ်ပေးလျက်ရှိပြီး ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အားများကို ၄ မိုင်ခန့်ရှိသည့် ၃၃ ကေဗွီ နှစ်ထပ်ကောင်းကင်ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ပေးလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် လျှပ် စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့လည်း သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here