ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု၌ မနက်ဖြန်မှစကာ မုတ်သုန်လေအားအလွန်ကောင်းလာနိုင်၍ လေပြင်းတိုက်ခတ်ပြီးမိုးသည်ထန်စွာရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်

0
210

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု၌ မနက်ဖြန်မှစကာ မုတ်သုန်လေအားအလွန်ကောင်းလာနိုင်၍ လေပြင်းတိုက်ခတ်ပြီးမိုးသည်ထန်စွာရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၁၈ ရက်(ယနေ့)နေ့လည် ၁ နာရီခွဲအ ချိန်၌ တိုင်းထွာရရှိချက်များနှင့်ပတ်သက်၍ အသိ ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ တိုင်းထွာရရှိချက်များအရ မေ ၁၉ ရက် (မနက်ဖြန်)မှမေ ၂၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေအား ကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီ၊တန င်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးခြင်း၊နေရာကွက်၍ မိုးကြီးခြင်းများနှင့်လေပြင်းတိုက် ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု အသိပေးထုတ်ပြန်ချက်မှ သိရသည်။

အလားတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တန င်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်ဖြစ်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက် ခတ်နိုင်ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်မြေ ပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အ ထိတိုက်ခတ်နိုင်သည်။

ထို့ကြောင့် မုတ်သုံလေအားကောင်းရာမှအားအ လွန်ကောင်းလာနိုင်၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ချောင်းငယ်များအနီးနေ ထိုင်သူများအနေဖြင့် ရေကြီး၊ရေလျှံမှုများအား ကြိုတင်သတိပြုကြရန် မိုးဇလမှ အသိပေးနှိုး ဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here