၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာတွင် မည်သည့် ငွေကြေးမျှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးမည်

0
152

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာတွင် မည်သည့် ငွေကြေးမျှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးမည်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှမကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ယခု ပညာသစ်နှစ်အတွက် မေလ ၂၆ ရက်တွင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး၊ ဇွန်၂ရက်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ထို့အပြင် ကျောင်းအပ်နှံရာတွင်လည်း မိမိတို့သွားလာရေး အဆင်ပြေသည့် နေထိုင်ရာဒေသနှင့်နီးစပ်ရာ ကျောင်းများတွင် အပ်နှံနိုင်ရေးအတွက်လည်း စီစဥ်ထားရှိသည့်အပြင် ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေသွားမည်ဖြစ်ပြီး၊ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုပညာသင်နှစ်၌ KG+11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ယမန်နှစ်က အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်း သင်ရိုး Grade-6 မတက်ရသေးသူများအတွက် Grade-6 သင်ရိုးဟောင်းကိုလည်းပြန်လည် သင်ကြားပေးရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပညာရေးနှင့်ပတ်သက်သည့် သတင်းမှား သတင်းတုများ ပေါ်ပေါက်လာသည့်အခါ သတင်းအမှန်များကို ကျောင်းသားမိဘများ သိရှိအောင် စိတ်ရှည်စွာ ရှင်းပြကြရန်နှင့် ပညာသင်ကြားခွင့် အခွင့်အရေး အပြည့်အဝ ရရှိအောင်ပညာရေးဝန်ထမ်းများက ညီညီညွှတ်ညွှတ်ဆောင်ရွက်ကြပေးရန်လိုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေကညွှန်ကြားထားသည်။

ယင်းနှင့်ပတ်သက်သည့်အစည်းအဝေးတစ်ရပ်ကို ယနေ့ မေ ၁၈ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here