ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ်ဂိတ် ကျင်စန်းကျော့ဂိတ် မေ ၁၇ ရက်ကပြန်လည်ဖွင့်လှစ်ခဲ့

0
204

ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ်ဂိတ် ကျင်စန်းကျော့ဂိတ် မေ ၁၇ ရက်ကပြန်လည်ဖွင့်လှစ်ခဲ့

ရှမ်းပြည်(မြောက်ပိုင်း)၊မူဆယ်မြို့နယ်ရှိ တရုတ်- မြန်မာနယ်စပ် ကျင်စန်းကျော့-မန့်မိုင်(ဝမ်တိန်) ဂိတ်အား မေ ၁၇ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်တင်ကားများအား ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ရန် မြန်မာနိုင်ငံမှတာဝန်ရှိသူများနှင့်တရုတ်နိုင်ငံမှ တာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးနောက် ပြန်လည်ဖွင့်လှစ်ရန် မေ ၁၆ ရက်ကသဘောတူညီခဲ့ကြကြောင်း သိရသည်။

ကျင်စန်းကျော့ဂိတ်အားပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာကုန်တင်ကားအချို့မှ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်၍ ကုန်ပစ္စည်းများစတင်ပို့ ဆောင်လျက်ရှိသည်ဟု သိရသည်။

“ကားစီးရေအတိအကျကတော့မသိဘူး မြန်မာကုန်ကားတွေတော့ မနေ့ကကော ဒီနေ့ကော တ ရုတ်ဘက်ကိုသွားနေကြပြီ မြန်မာကုန်ကားတွေကိုတိုက်ရိုက်ဝင်ခွင့်ပြုလိုက်တာပါ ကုန်ပစ္စည်းပျက် စီးမှုနည်းသွားတာပေါ့ တိုက်ရိုက်ဝင်ခွင့်ပြုလိုက်တာက”ဟုကုန်သည်တစ်ဦးကပြောသည်။

ထိုသို့ မြန်မာကုန်တင်ကားများအား တိုက်ရိုက်ဝင်ရောက်ခွင့်ပြုခဲ့သော်လည်း ကားမောင်းသူများမှာ ကျင်စန်းကျော့ဂိတ်တွင် တရုတ်နိုင်ငံမှကားမောင်းသမားများနှင့်ချိန်း၍ တရုတ်ကားမောင်းသူများမှကုန်တင်ကုန်ချပြုလုပ်သည့်နေရာသို့ ဆက်လက်မောင်းနှင်ရကြောင်း သိရသည်။

“ကုန်ကားတွေပဲဝင်ခွင့်ပေးတယ် ကားသမားချိန်းရတယ် မြန်မာကားသမားတွေက တရုတ်နိုင်ငံဘက်ကကုန်ချတဲ့နေရာအထိတိုက်ရိုက်မောင်းလို့တော့မရသေးဘူး အရင်ကမြန်မာကုန်ကားတွေ တရုတ်နိုင်ငံထဲကိုဝင်ခွင့်မရတော့ တရုတ်ရှိန်တိန်ကားတွေကပဲ မြန်မာနိုင်ငံထဲအထိလာသယ်ကြတာ “ဟုကုန်တင်ကားမောင်းသည့် ဦးအောင်ထွန်းကပြောသည်။

မြန်မာနိုင်ငံဘက်မှ ကုန်တင်ကားများဝင်ရောက်၍ ကုန်စည်ပို့ဆောင်မှုများပြုလုပ်လျက်ရှိသော် လည်း တရုတ်နိုင်ငံဘက်မှမြန်မာကုန်သည်များဝယ်ယူမည့် ကုန်ပစ္စည်းများအား ပြန်လည်တင် ဆောင်ခွင့်ပြု၊မပြုအား သိရှိရသေးခြင်းမရှိကြောင်း ကုန်သည်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here