ရွှေအတုံးအခဲများရောင်းဝယ်ရာတွင် စည်ပင်လိုင် စင်ပြုလုပ်ပြီးမှသာရောင်းချရန် YGEA တိုက်တွန်း

0
238

ရွှေအတုံးအခဲများရောင်းဝယ်ရာတွင် စည်ပင်လိုင် စင်ပြုလုပ်ပြီးမှသာရောင်းချရန် YGEA တိုက်တွန်း

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ လိုင်စင်မဲ့မီးလင်းရွှေအတုံးအခဲရောင်းဝယ်သူများအပါအဝင် ရွှေဆိုင်များအနေဖြင့် ရွှေအတုံးအခဲနှင့်ရွှေရောင်းဝယ်ခွင့်လိုင်စင်များ ပြုလုပ်ကြရန် မေ ၁၇ ရက်ကထုတ်ပြန်တိုက်တွန်းခဲ့သည်။

ထို့ပြင် မီးလင်းရွှေအတုံးအခဲရောင်းဝယ်ရာတွင်လည်း စည်ပင်လိုင်စင်ပြုလုပ်ရမည်ဖြစ်ကာ လိုင် စင်လျှောက်ထားရာတွင် ပါဝင်ရမည့် YGEA ထောက်ခံစာအား အသင်းရုံး၌ ရုံးချိန်အတွင်းလာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ရွှေရောင်းဝယ်ရာတွင် လူတွေ့လက်ငင်းရောင်းအဝယ်ခြင်းမပြုဘဲ လေပတ်ကားရောင်းချသူအချို့အား မေ ၁၆ ရက်ညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရအပြီးတွင် YGEA မှအသိပေးထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် လမ်းပေါ်၌ လေပတ်ကားရောင်းချသူများဖြစ်ကာ ရုံးချိန်ပြင်ပတွင် ရွှေအရောင်းအဝယ်လုပ်သူများနှင့်နယ်စပ်သို့သွားနေသူများအား စုံစမ်းချိန်တွင်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု YGEA မှ သိရသည်။

ထို့ကြောင့် YGEA မှ ရွှေရောင်းဝယ်ရာတွင် လိုင် စင်မရှိဘဲ မှောင်ခိုရောင်းချဝယ်ယူမှုများအား စီစစ်တွေ့ရှိပါက ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း အသိ‌ပေးထုတ်ပြန်ခဲ့သည်။

YGEA ၏ ယနေ့ အကယ်ဒမီ မီးလင်းရွှေအဖွင့်စျေးမှာ တစ်ကျပ်သားလျှင် ကျပ်သိန်းနှစ်ဆယ် သုံးသောင်းဖြစ်ကာ ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၁၅ ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here