ဂျပန်နိုင်ငံတွင် ခရီးသွားလုပ်ငန်း စမ်းသပ်ဖွင့်လှစ်မည်

0
203

ဂျပန်နိုင်ငံတွင် ခရီးသွားလုပ်ငန်း စမ်းသပ်ဖွင့်လှစ်မည်

တိုကျို၊မေ ၁၇
ဂျပန်နိုင်ငံတွင် ခရီးသွားလုပ်ငန်းတစ်ခုလုံးပြန်လည်မဖွင့်လှစ်မီ ခရီးစဉ်အကန့်အသတ်ဖြင့် စမ်းသပ်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

ခရီးသွားလုပ်ငန်းသည် ဂျပန်နိုင်ငံစီးပွားရေး၏ အဓိကထောက်တိုင်တစ်ခုဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါစတင်ချိန် ၂၀၂၀ ခုနှစ်ကတည်းက ပြည်ပခရီးသွားများအားအဝင်မခံပဲ တင်းကျပ်သောစည်းမျဉ်းများဖြင့် ပြည်ဝင်ခွင့်ကိုကန့်သတ်ခဲ့သည်။

ယင်းသို့ချမှတ်ထားသော တင်းကျပ်သည့်စည်းမျဉ်းများအနက်ပညာရေး၊စီးပွားရေးနှင့်ပတ်သက်သည့်ခရီးသွားများအား စတင်ဝင်ရောက်ခွင့်ပြုခြင်းဖြင့် အနည်းငယ်ဖြည်းဖြည်းချင်းလျှော့ချလာခဲ့သည်။

နိုင်ငံ၏ဝင်‌ငွေတိုးတက်လာရန် ခရီးသွားလုပ်ငန်း‌ကို ပြန်လည်အသက်ဝင်စေဖို့ တောင်းဆိုမှုများရှိနေသည်။ ပြည်ဝင်ခွင့်ပိတ်ပင်ထားမှုများကြောင့်နိုင်ငံ၏ဝင်ငွေသည် အနှစ်နှစ်ဆယ်အတွင်းအနိမ့်ဆုံးသို့ကျဆင်းခဲ့သည်ဟုဖော်ပြထားသည်။

ဂျပန်နိုင်ငံရှိခရီးသွားအေဂျင်စီတစ်ခုမှလည်း ယခုလနှောင်းပိုင်းတွင် လူနည်းစုခရီးသွားများကိုပြည်ဝင်ခွင့်​ပေးကာစမ်းကြည့်မည်ဖြစ်သည်။

ကာကွယ်ဆေးသုံးကြိမ်အပြည့်ထိုးထားသောခရီးသွားများနှင့် အမေရိကန်၊ဩစတေးလျ၊ထိုင်းနှင့်စင်္ကာပူတို့မှခရီးသွားများကိုပြည်ဝင်ခွင့်ပြုထားပြီဖြစ်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသည် ၃၁.၉ မီလီယံ ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၇.၂ ဘီလီယံနှင့်ညီမျှသော ဂျပန်‌ငွေ ၄၈.၁ ထရီလီယံ(ယန်း) ရရှိခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here